နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုင်း မတော်တဆ ပေါက်ကွဲမှုကြောင့် CDF-ကန်ပက်လက် တပ်ရင်းမှူး ကျဆုံး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို လိုက်လံ တိုက်ခိုက်ရင်း သြဂုတ်(၃)ရက်နေ့က မိုင်း မတော်တဆ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တပ်ရင်းမှုးဖြစ်သူ ကျဆုံးခဲ့ရတယ်လို့ CDF – ကန်ပက်လက် က ထုတ်ပြန်ပါတယ်။

မနေ့က ချင်းပြည်နယ်၊ လောင်းရှည်-ကျင်ဒွေးလမ်းမှာ စစ်‌ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ကာ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မှာ မိုင်းမတော်တဆ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး CDF- ကန်ပက်လက်တပ်ရင်း၄ တပ်ရင်းမှူးဆလိုင်းအွမ်ဂေ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အမျိုးသားရေးအတွက် ဆလိုင်းအွမ်ဂေ၏ ‌ပေးဆပ်မှုအပေါ် ကျွန်ုပ်တို့ Chin Defense Force-Kanpetlet မှ လေးစား ဂုဏ်ယူ ပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲ ဝမ်းနည်းရပါကြောင်း ညှိုးငယ်သော စိတ်ထား ဖြင့် မှတ်တမ်းတင် အပ်ပါသည်” လို့ CDF- ကန်ပက်လက်က ထုတ်ပြန်ထားပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နိုင်ငံတဝန်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၃၀၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 6 Views
အောက်တိုဘာလ (၁)ရက်။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာကြောင့် ပြည်သူ (၃၀၂၃)ဦး သေဆုံးခဲ့တယ်လို့
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပရှိ စစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 22 Views
အောက်တိုဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီ (၅၀)မိနစ်အချိန် မြောက်ဥက္ကလာပမြို့ရှိ စစ်တပ်လက်အောက်ခံ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းတဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ထပ်မံကြေညာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 22 Views
အောက်တိုဘာလ (၁)ရက်။ စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်လုံခြံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဟာ အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာခံထားရတဲ့ စစ်ကောင်စီကို ဆက်ခံတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မောင်တောမှာ ARSA က သတ်ဖြတ်ထားတဲ့ ရွာသား(၆)ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 19 Views
အောက်တိုဘာလ (၁)ရက်။ ‌စက်တင်ဘာလ (၂၈)ရက်နေ့ နေ့လယ် (၃)နာရီအချိန်ခန့်က မောင်တောမြို့ အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက်ရှိ ငှက်ပျောတောအုပ်ထဲမှာ ရုပ်အလောင်း (၆)လောင်းကို တွေ့ရှိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငှက်ပျောတောအုပ်ထဲ ရုပ်အလောင်းတွေကို
မြန်မာသတင်း

ရွေးကောက်ပွဲနီးချိန် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို စစ်ကော်မရှင် အပိုထောက်ပံ့ကြေး တိုးမြှင့်ပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 18 Views
အောက်တိုဘာလ (၁)ရက်။ အရပ်ဘက်၊ စစ်ဘက် ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအပါအဝင် နေ့စားဝန်ထမ်းတွေကို အခုလကစပြီး အပိုထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ အရပ်ဘက်နဲ့ စစ်ဘက် ဝန်ထမ်းတွေအပါအဝင် အငြိမ်းစားဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအနေနဲ့
မြန်မာသတင်း

ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 51 Views
စက်တင်ဘာလ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကျောက်မဲမြို့ထဲကို စကစက ဒရုန်းနဲ့ မီးလောင်ဗုံးတွေ အသုံးပြုပြီး ကြဲချ‌တိုက်ခိုက်နေတာ၊ အဆောက်အဦအချို့ မီးလောင်ပျက်စီးတာတွေရှိတယ်။
မြန်မာသတင်း

အင်တာနက်ချို့ယွင်းတာကြောင့်ဆိုပြီး ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်း ရွေး/ကော် ထပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 48 Views
စက်တင်ဘာလ (၃၀)ရက်။ အင်တာနက်လိုင်း ချို့ယွင်းတာတွေကြောင့်ဆိုပြီး ကျန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်းကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မနေ့က ထပ်မံထုတ်ပြန်ထားတယ်လို သိရပါတယ်။ ရွေး/ကော်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းတာတွေကို အခုလ (၈)ရက်နေ့မှာ စတင်လက်ခံခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ (၂၂)ရက်နေ့အထိ