နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆိပ်ဖြူနယ် ကျွန်းကျောင်းရွာအနီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ ပ.က.ဖ များ၏ လက်နက်အင်အား မမျှတမှုကြောင့် ထိခိုက်သေဆုံး၊ ဖမ်းဆီးခံရခြင်းများဖြစ်ပေါ်ခဲ့

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကျွန်းချောင်းရွာ အနီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (၈) ဦးမှာ လက်နက်အင်အား မမျှတသည့်အတွက် ကျဆုံးခဲ့ရပြီး အခြား ကာကွယ်ရေး တပ်ဖွဲ့ဝင် (၉) ဦးလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဆိပ်ဖြူ ဘာမထီက ထုတ်ပြန်ထားသည်။


ဇန်နဝါရီလ ၂ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ၏ အင်အား (၃၀)ခန့်ရှိသည့် ကင်းပုန်း နှင့် တွေ့ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသက် ၅၀ ကျော်အရွယ် ခေါင်းဆောင်တစ်ဦး အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၄) ဦး စုစုပေါင်း (၈) ဦး ကျဆုံးခဲ့ပြီး အခြား အဖွဲ့ဝင် (၉)ဦးလည်း ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြသည်။


ထို့ပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိပ်ဖြူမြို့ပေါ်ရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ နှစ်ဘက်ထိတွေ့တိုက်ပွဲ၌ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံတွင် တစ်ထောင့်ထိုး လက်လုပ် သေနတ်များဖြင့် တိုက်ခိုက်ခဲ့ကြရခြင်းဖြစ်ပြီး စစ်ကောင် စီ၏လက်နက် အင်အားမမျှခဲ့သည့်အတွက် ယခုကဲ့သို့ ရဲဘော် ၈ ဦး ကျဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က ပြောသည်။

Photo – CJ – သေဆုံးသူများကို မီးရှို့စစ်ကောင်စီက မီးရှို့ထားစဉ်။

ပြည်သူ့ ကာကွယ်ရေး ခေါင်းဆောင်ထံတွင် ပစ္စတို တစ်လက်သာ ပါရှိပြီး မိမိလူများ အပစ်ခံနေရချိန်တွင် ကာပစ်ပေးရင်း ထိခိုက်ကျဆုံးခဲ့ရခြင်းဖြစ်သည်။ ခေတ်မီမောင်းပြန်သေနတ်များဖြင့်သာဆိုလျှင် ပြန်လည်ကာပစ်၍ ရနိုင်သည့်အတွက် လူထိခိုက် ကျဆုံးမှု နည်းနိုင်ပြီး ကောင်းမွန်စွာခုခံတိုက်ခိုက်နိုင်မည်ဖြစ်သဖြင့် ရဲဘော် (၈) ဦးလည်း ကျဆုံးနိုင်ဖွယ် မမြင်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောကြားသည်။


ဇန်နဝါရီ ၃ ရက် မနက်ပိုင်းတွင် ကျဆုံးခဲ့သည့် ရဲဘော် ၈ ဦးနှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ကြောင်း ယင်းအတွက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ပြန်လည်သယ်ဆောင်ကာ နာရေး ကိစ္စရပ်များကို စီမံဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 107 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 23 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 21 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ်တာတွေပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
ရဲဝင်းဦး တပ်ချုပ်အသစ်အနေနဲ့ ခန့်အပ်ခံရ မတ်လ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်နေရာတွေ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်ချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ်ရာထူးအတွက်
မြန်မာသတင်း

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 38 Views
ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ် မတ်လ (၂၈)ရက်။ ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ ဆက်စပ်တဲ့ နေအိမ်တွေကို AA က လုပ်ထုံးလုပ်နည်းနဲ့တွေနဲ့အညီ ချိတ်ပိတ်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီလို
မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 48 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပျူစောထီး မောင်ဆန်းကို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 50 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းမှာ ခွေးတပ်မတော်နေ့ ကျင်းပတဲ့နေရာကို ၁၀၇မမ ရှော့တိုက်ဒုံး