နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာစစ်ကောင်စီရဲ့ နိုင်ငံတော်အာဏာကို အရေးပေါ်အခြေ အနေအရ သက်တမ်းတိုးခြင်း အပေါ် အမေရိကန်က ပြင်းပြင်း ထန်ထန် ကန့်ကွက်၊ စစ်ကောင်စီက ပြုလုပ်မယ့် ရွေး ကောက်ပွဲဟာ အကြမ်းဖက်မှုနဲ့ မတည်မငြိမ်မှုကို ပိုမိုဆိုးရွားစေမှာဖြစ်ပြီး တိုင်းပြည်နဲ့ ပြည်သူတွေကို ကိုယ်စားမပြုနိုင်‌ ကြောင်း ထုတ်ပြန်

မြန်မာစစ်ကောင်စီရဲ့ ကာလုံခေါပြီး အရေးပေါ် အခြေအနေ ကြေညာကာ နိုင်ငံတော်အာဏာကို နောက်ထပ် (၆)လ သက် တမ်းတိုးဖို့ လုပ်ဆောင်တဲ့ကိစ္စကို အမေရိကန်က ဖေဖေါ်ဝါရီ (၄) ရက်မှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price ရဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက် လိုက်တယ် လို့သိရပါတယ်။

စစ်ကောင်စီရဲ့ တရားမဝင်အုပ်ချုပ်မှုကို ရှည်ကြာအောင် ပြုလုပ်ခြင်းဟာ မြန်မာပြည်ကို ထိခိုက်စေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။ ဒါ့အပြင် မြန်မာ့အရေးကို ပံ့ပိုးကူညီနိုင်ဖို့ နဲ့ အားလုံးပါ၀င်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့အတွက် အမေရိကန် အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး ထုတ်ပြန်ချက်ထဲမှာ အာဆီယံ ဘုံသဘောတူညီချက် (၅) မှာပါရှိတဲ့ ကတိကဝတ်တွေ ကိုဆောင်ရွက်ဖို့အတွက် စစ်ကောင်စီကို ဖိအားပေးဖို့ နဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် စစ်ကောင်စီ ရဲ့ အစီအစဉ်တွေကို ရှုံ့ချရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ ဟာ အကြမ်းဖက်မှုနှင့် မတည်မငြိမ်မှုကို ပိုမိုဆိုးရွားစေပြီး တိုင်းပြည်နဲ့ ပြည်သူတွေကို ကိုယ်စားမပြုနိုင်ပါဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ် Ned Price က ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 26 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ
မြန်မာသတင်း

ဒိုင်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ဖို့တောင်းဆိုတဲ့ နိုင်/ကျဉ်းသူတွေ တိုက်ပိတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 27 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ တိုက်ပိတ်ခံခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 26 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းဖို့ကနေ ပြည်ထောင်စု အားကောင်းဖို့ကို
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 26 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မော်လူးဒေသ လေဘိုရွာကို
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 32 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 40 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 43 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို