စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ နဘဲပင်လှကျေးရွာကို စစ်တပ်က ဇွန် (၄) ရက်မှာ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
အဲဒီလို မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ (၁၀၀) ကျော်အပါအဝင် ဘုန်းကြီးကျောင်းဆောင် (၂) ဆောင်နဲ့ စာသင်ဆောင်တစ်ခုတို့ ပျက်စီးဆုံးရှုံးခဲ့ ရပါတယ်။
ဒါ့အပြင် စစ်တပ်က ပြည်သူတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။













ပညာရေးအတွက် အသုံးပြုနေတဲ့ ဘုန်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ အကုန်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
လက်ရှိအချိန်မှာတော့ စစ်ရှောင်ပြည်သူတွေအတွက် အကူအညီများစွာ လိုအပ်နေတယ်ဆိုပြီးတော့လည်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက အသိပေးထားပါတယ်။
Era’sEye/Photo/လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ