နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီဥက္ကဌရဲ့အကြံပေးအဖြစ် MEC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ခန့်အပ်တာဝန်ပေး


စစ်ကောင်စီဥက္ကဌရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ခန့်အပ်လိုက်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။



ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို စစ်ကောင်စီဥက္ကဌရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ကြောင်း ယနေ့ ဇူလိုင်လ ၅ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောအား စစ်ကောင်စီဥက္ကဌရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပြီး ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်တာဝန်ပေးကြောင်း ဆိုထားပါတယ်။

ဒါ့ပြင် အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောရဲ့ ခံစားခွင့်ဆိုင်ရာများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် ၂၀၂၂ခုနှစ် ဩဂုတ်လ ၁ရက်နေ့က ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီရဲ့ ဥက္ကဌအဖြစ် စစ်ကောင်စီက တာဝန်ပေးအပ်ခဲ့ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု သည့်နိုင်ငံများထဲတွင် ပြင်သစ်ကလည်းပါဝင်မည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 2 Views
CNN- ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၂ရက် ပြင်သစ်သည် ယခုအပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည့် ဥရောပနိုင်ငံများအတွင်း
မြန်မာသတင်း

စစ်ကိုင်းမှာ ကဗျာဆရာတဦးကို မှားယွင်းသတ်ဖြတ်မိတဲ့အပေါ် Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင် တောင်းပန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 17 Views
တရားစွဲမယ်ဆိုရင် အရေးယူခံနိုင်တယ်လိုဆို စက်တင်ဘာလ (၂၂)ရက်။ စစ်ကိုင်းတိုင်း အရာတော်မြိုရှိ မလဲသာရွာက ကဗျာဆရာ ဦးမြင့်ဆန်းကို ဒလန်ဆိုကာ မှားယွင်းသတ်ဖြတ်မိခဲ့တဲ့အပေါ် Zero
မြန်မာသတင်း

ကန့်ဘလူနယ် ကျီစုရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချ၊ အရပ်သား (၁)ဦးသေဆုံးပြီး (၁၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 18 Views
စက်တင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်း (၁)နာရီခွဲဝန်းကျင်ခန့်က ကန့်ဘလူမြိုနယ် ကျီစုရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲထံက သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ပစ်တဲ့အချိန်က တကယ့်အိပ်မောကျနေတဲ့အချိန်ကြီးဗျ၊ ပထမတစ်လုံးချတာက မနက်
မြန်မာသတင်း

ဗန်းမောက်မြို့ကို (၆)ရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 28 Views
စက်တင်ဘာလ (၂၂)ရက်။ စက်တင်ဘာလ (၁၅)ရက်နေ့ကစပြီး ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ခဲ့ကာ (၆)ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမြို့သိမ်းတိုက်ပွဲမှာ ရဉ်ထွန်း(ဗျူဟာမှူး)ဦးစီးတဲ့ SNA ရဲ့ တပ်မဟာ (၆၁၄၊ ၉၇၂)အပြင်
ဆောင်းပါးများ မြန်မာသတင်း

အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေဖို့ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 67 Views
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်း ၃ ချက် ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ကို ဗုဒ္ဓဘာသာဝင်တွေအပြင် ဘာသာမဲ့တွေ၊ တခြားဘာသာဝင်တွေလည်း လုပ်ကြည့်နိုင်ပါတယ်။
မြန်မာသတင်း

YRF တပ်ဖွဲ့ထဲ ပုန်ကန်တာနဲ့ အာဏာသိမ်းခံရတာကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 139 Views
စက်တင်ဘာလ (၂၀)ရက်။ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF)မှာ တပ်ထဲပုန်ကန်တာနဲ့ အာဏာသိမ်းခံရတဲ့ဖြစ်စဉ်တွေကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ YRF တပ်ဖွဲ့ထဲ ပုန်ကန်တာနဲ့ ဗဟိုကော်မတီ အာဏာသိမ်းခံရတဲ့ဖြစ်စဉ်ဟာ စက်တင်ဘာလ (၁၂)ရက်နေ့က ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိလာခဲ့တာလို့
မြန်မာသတင်း

“NUG ဖျက်သိမ်းမလား လူပြောင်းကစားမလား အတွေးအခေါ်ပြောင်းမလား”

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 137 Views
အထက်ပါခေါင်းစဥ်နဲ့ ဦးထွန်းအောင်ကျော် နဲ့ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် တံတားနီ အရေးအခင်းမှာခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့တဲ့ ကိုအောင်သူတို့ ကိုယ့်အမြင်နဲ့ကိုယ် တော်လှန်ရေးကိုဘယ်လိုအောင်မြင်အောင်လုပ်သင့်တယ် ဘာတွေလိုနေတယ် ဆိုတာကို ဆွေးနွေးထားတာကို ခေတ်မျက်လုံးကနေတင်ပြလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် သွားရောက်စစ်ဆေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 137 Views
စက်တင်ဘာလ (၂၀)ရက်။ မနေ့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေထဲ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရီးစဉ်ထဲ စစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်နယ်မြေထဲ နယ်မြေလုံခြံရေးနဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။