စစ်ကောင်စီဥက္ကဌရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ခန့်အပ်လိုက်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2023/07/1688541077908_photo_2023-07-05_11-45-13.jpg)
![](https://eraseye.com/wp-content/uploads/2023/07/1688541070625_E2-2-1024x679.jpg)
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို စစ်ကောင်စီဥက္ကဌရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ကြောင်း ယနေ့ ဇူလိုင်လ ၅ရက်နေ့မှာ ထုတ်ပြန်လာတာပါ။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစောအား စစ်ကောင်စီဥက္ကဌရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပြီး ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်တာဝန်ပေးကြောင်း ဆိုထားပါတယ်။
ဒါ့ပြင် အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောရဲ့ ခံစားခွင့်ဆိုင်ရာများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် ၂၀၂၂ခုနှစ် ဩဂုတ်လ ၁ရက်နေ့က ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီရဲ့ ဥက္ကဌအဖြစ် စစ်ကောင်စီက တာဝန်ပေးအပ်ခဲ့ပါတယ်။
Era’sEye