တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာရှိ နေအိမ် ၅ လုံးနှင့် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့တို့မှာ ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာက စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။













အဲဒီလိုဖြစ်ပြီးနောက်မှာ စစ်တပ်က ကျေးရွာ ထဲက ပြည်သူပိုင် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးလိုက်တာပါ။
စစ်တပ်ဟာမီးရှို့ဖျက်ဆီးပြီးနောက် ရွာထဲက ပြည်သူပိုင် နေအိမ်အားလုံးကို မွှေနှောက် ဖျက်ဆီးသွားခဲ့ပါသေးတယ်။
Era’sEye