မုံရွာမြို့ တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( မုံရွာနမခ) ဝန်း ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
ဇူလိုင် ၅ ရက် မနက် ၅ နာရီ အချိန်မှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ချင်းတွင်းမြစ်အတွင်း မှ မောင်းနှင်လာတဲ့ စစ်ကောင်စီရေယာဥ် ကိုလည်း တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
နမခအတွင်းရှိ လစရ၆(လက်နက်စစ်ဆေးရေးအဖွဲ့)နှင့် အလုပ်ရုံ ၈ တို့ ထိမှန်ခဲ့တယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီရေယာဉ်ကို ပစ်ခတ်မှုတွင်လည်း ရေယာဥ်ပေါ်ပါ စစ်အုပ်စု ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်တယ်လို့ ဆိုပါတယ်။
Era’sEye / စစ်ကောင်စီတပ်စီးနင်းလာသည့် ရေယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ။