စစ်အုပ်ချုပ်ရေးအာဏာသိမ်းကာလ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ နှစ်နှစ်တာအတွင်းမှာ တနင်္သာရီတိုင်းအတွင်းက အရပ်သားသေဆုံးသူ(၄၀၀) နီးပါးရှိ ပြီး ၊ ဒဏ်ရာရသူ (၁၄၆) ဦးရှိခဲ့ပြီး အရပ်သားထိခိုက်မှု စုစုပေါင်း (၅၄၀) ဦးရှိခဲ့တယ်လို့ စစ်ရေး အခြေပြုလေ့လာတဲ့ Southern Monitor က ထုတ်ပြန်ထားပါတယ်။
ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်မှုအများဆုံးက လောင်းလုံးမြို့နယ်ဖြစ်ပြီး အရပ်သားသေဆုံးသူ စုစုပေါင်း ၁၀၇ ဦးနဲ့ အရပ်သား ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်တွေမှာလည်း အရပ်သားထိခိုက်မှု အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- The Tanintharyi Times