နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

အဆိုတော်လီလီနိုင်ကျော် ကွယ်လွန်

အဆိုတော် လီလီနိုင်ကျော်ဟာ သေနတ်ပစ်ခတ်ခံရတဲ့ ဒဏ်ရာနဲ့ ဇွန် ၆ ရက် မနက်ပိုင်းက ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
သူမကို မင်္ဂလာဒုံမြို့နယ်ထဲက တပ်မတော်ဆေးရုံမှာ သီတင်းတစ်ပတ်နီးပါးကြာ ကုသမှုခံယူခဲ့ရပြီးနောက် ဒီနေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားခဲ့တာပါ။


လီလီနိုင်ကျော် သေဆုံးတဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်ကလည်း ရေးသားထားတာတွေ့ရပါတယ်။

သူဟာ ပြီးခဲ့တဲ့မေလ ၃၀ ရက်ညပိုင်းမှာ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ထဲက နေအိမ်အနီး ကားပေါ်မှာ အမည်မသိ သေနတ်သမားရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

လီလီနိုင်ကျော် သေနတ်ပစ်ခတ်ခံရမှုကို YMBA(ဗဟို) အပါအဝင် ဘာသာရေးအဖွဲ့အစည်း ၆ ဖွဲ့၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအပါအဝင် အနုပညာအဖွဲ့အစည်း ၅ ဖွဲ့ စုစုပေါင်း အဖွဲ့အစည်း ၁၄ ခုကနေ အသီးသီးရှုတ်ချစာတွေ ထုတ်ပြန်ထားပါတယ်။


Era’sEyes/Photo/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ KNA တိုက်တွန်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 17 Views
ဩဂုတ်လ (၂၁)ရက်။ အကြမ်းဖက်စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)က မနေ့က ထုတ်ပြန်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ KNA အနေနဲ့
မြန်မာသတင်း

ရေးမြို့မြောက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိတယ်လို့ MSRF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 18 Views
ဩဂုတ်လ (၂၁)ရက်။ မနေ့က ရေးမြို့မြောက်ပိုင်း အောင်သပြေကျေးရွာအနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်မယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 14 Views
ဩဂုတ်လ (၂၁)ရက်။ အခုနှစ်ကုန်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ကျင်းပပြုလုပ်သွားမယ်ဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း(၁)မှာ ပါဝင်တဲ့ မြို့နယ်တွေဟာ ကချင်မှာ (၆)မြို့နယ်၊ ကယားမှာ
မြန်မာသတင်း

ယူကရိန်းက ‘အပစ်အခတ်ရပ်စဲရေး’ လိုချင်တယ်၊ ပူတင်နဲ့ ထရန့်က ‘ငြိမ်းချမ်းရေး သဘောတူညီချက်’ လိုချင်တယ်။ ဒါက ကြီးမားတဲ့ ကွာခြားချက်ပါပဲ။

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 13 Views
CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၀ရက် ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြင်းဆိုလိုက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အမြဲတမ်း ငြိမ်းချမ်းရေး သဘောတူညီချက် အတွက် တွန်းအားပေးမှုကို ထောက်ခံလိုက်ပါတယ်။ အမေရိကန်သမ္မတက မလိုအပ်ဘူးလို့
မြန်မာသတင်း

မော်လိုက်မြို့ရှိ ပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 20 ရက်
  • 46 Views
ပျူစောထီးခေါင်းဆောင်အပါအဝင် ပျူစောထီးမိသားစုဝင် (၁၉၀)ဦးကို ဖမ်းမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန် ဩဂုတ်လ (၂၀)ရက်။ ဩဂုတ်လ (၁၅)ရက်နေ့က မော်လိုက်မြို့နယ် ထော်သာရွာပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထော်သာရွာမှာ ပျူစောထီးခေါင်းဆောင် အဲပန်
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲအပါအဝင် စစ်တပ်ရဲ့ လုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူတွေ သတိချပ်ဖို့ NUG သတိပေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 20 ရက်
  • 36 Views
ဩဂုတ်လ (၂၀)ရက်။ အတုအယောင်ရွေးကောက်ပွဲအပါအဝင် စစ်တပ်ရဲ့ လုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေ သတိချပ်ကြဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing မှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ CRPH
မြန်မာသတင်း

ဒီမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်လာ

  • 2025 ခုနှစ်၊ ဩဂုတ်လ 20 ရက်
  • 31 Views
ဩဂုတ်လ (၂၀)ရက်။ မနေ့ကစပြီး ကရင်နီပြည် ဒီမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတဲ့ ဒီမော့ဆိုတဝိုက်နဲ့ ဒီမော့ဆိုမြို့ကို ပြန်ရရှိဖို့ စစ်တပ်စစ်ကြောင်းတွေက ဩဂုတ်လ (၄)ရက်နေ့ကစပြီး လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်ခဲ့တာလို့
မြန်မာသတင်း

ဆီဆိုင်မြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးနေ

  • 2025 ခုနှစ်၊ ဩဂုတ်လ 20 ရက်
  • 30 Views
ဩဂုတ်လ (၂၀)ရက်။ ဆီဆိုင်မြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆီဆိုင်မြို့ နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO