နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမယ့်ချင်းအမျိုးသားကောင်စီ (မင်းတပ်) ဖွဲ့စည်း

ပြည်တွင်းပြည်ပတော်လှန်ရေး အင်အားစုတွေ စုပေါင်းပြီး ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမယ့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)  CNC (Mindat) ဖွဲ့စည်းလိုက်တယ်လို့ မနေ့ကထုတ်ပြန်ပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ CDF Mindatတို့ပူးပေါင်းကာ အခုလိုဖွဲ့စည်းလိုက်တာဖြစ်ပြီး ကောင်စီမှာ ပါဝင်တဲ့ပုဂ္ဂိုလ်စာရင်းကို ကြေညာသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး အတိုင်းအတာတခုအထိ အောင်အောင်မြင်မြင် ခရီးပေါက်လာတဲ့အပြင် အနာဂတ်ချင်းလူမျိုးတွေအတွက်
နိုင်ငံရေးလုပ်ငန်းစဥ်တွေ ချမှတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံလူ့အခွင့် အရေးတို့ကို အာမခံချက်ပေးမယ့် မူဝါဒလမ်းစဥ်တွေ ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်မယ့် နိုင်ငံရေးဦးဆောင်အဖွဲ့  အရေးတကြီးလိုအပ်လာနေတာကြောင့် အခုလို CNC (Mindat) ကို ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။

Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုခွင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 1 Views
ဒီဇင်ဘာလ (၇)ရက်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က
မြန်မာသတင်း

မှော်ဘီလေတပ်ပစ်ခတ်ခံရပြီး လေယာဉ် (၂)စင်းပျက်စီးကာ စစ်ကောင်စီလေတပ်အရာရှိ (၃)ဦးအပါ (၁၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 1 Views
ဒီဇင်ဘာလ (၇)ရက်။ မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်က စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမှာ နပခစစ်ဌာနချုပ်ကလွဲပြီး စစ်ကောင်စီစခန်းအားလုံးကို ထိန်းချုပ်လိုက်ပြီလို့ AA ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 1 Views
ဒီဇင်ဘာလ (၇)ရက်။ အမ်းမြို့မှာ နပခစစ်ဌာနချုပ်တစ်ခုကလွဲပြီး စစ်ကောင်စီတပ်စခန်းအားလုံးကို ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ အမ်းဒေသထဲမှာ စစ်ကောင်စီရဲ့ စခန်းနေရာ (၃၀)ကျော်ရှိတဲ့အထဲ ဒီကနေ့ဆိုရင် နပခတစ်ခုသာ ကျန်ရှိတော့တာကြောင့် နပခတိုင်းစစ်ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်ရရှိဖို့
မြန်မာသတင်း

ခံယူချက် မယိမ်းယိုင်ဖို့နဲ့ တပ်တွင်း စည်းလုံးဖို့ စစ်ခေါင်းဆောင်က တပ်ဖွဲ့ဝင်တွေကို တိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 2 Views
ဒီဇင်ဘာလ (၇)ရက်။ ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်စေဖို့နဲ့ တပ်တွင်း စည်းလုံးညီညွတ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်က သင်တန်းဆင်းပွဲမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တပ်တွင်းစည်းလုံးညီညွတ်ဖို့အတွက် အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်တွေကို ကျေပွန်စွာ
မြန်မာသတင်း

ပျူစောထီးတစ်ဦးကို ရှင်းလင်းခဲ့တဲ့ ရေးဘီလူးအဖွဲကို MOD က ခုံရုံးဖွဲစစ်ဆေးဖို ပြင်ဆင်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ ပျုစောထီးတစ်ဦးကို ရှင်းလင်းခဲ့တဲ့အပေါ် ရေးမြိုအခြေစိုက် တော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲကို MOD က ခုံရုံးဖွဲစစ်ဆေးသွားမယ်လို ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ ဇွန်လကုန်ပိုင်းတုန်းက ရေးမြိုနယ်ရှိ ကွန်ဒူးကျေးရွာက ပျုစောထီး ဦးခေါင်းဖြူ(ခ)ဇံမင်းကို ကို ရေးဘီလူးအဖွဲက
မြန်မာသတင်း

တရုတ်နဲ့ လုံခြုံရေးကုမ္ပဏီတည်ထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာရေးထိုးဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ တရုတ်နိုင်ငံနဲ့ Joints Venture Security Company တည်ထောင်နိုင်ဖို့အတွက် နားလည်မှူစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့စည်းထားတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ဖော်ပြထားချက်တွေအရ သိရပါတယ်။ အဲ့ဒီလုပ်ငန်းကော်မတီမှာ စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားပြီး
မြန်မာသတင်း

ပေါင်းတည်မြို့မှာ PDF တွေကို ကြုံးဝါးတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ ဒီဇင်ဘာလ (၃)ရက်နေ့ ည(၈)နာရီခွဲအချိန်က ပေါင်းတည်မြို့၊ ဆင်လူးအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ခင်ထွဋ်နဲ့ သားဖြစ်သူ အောင်ဇော်ထွဋ်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ကို PPDF
မြန်မာသတင်း

မူတြော်ခရိုင်တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် (၈၈)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလထဲ မူတြော်ခရိုင်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၄၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၈၈)ဦး သေဆုံးပြီး (၁၃)ဦး