ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့က ဒဂုံတက္ကသိုလ်ကျောင်းဝန်းထဲမှာ စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသလို မနေ့ကလည်း ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
တက္ကသိုလ်ကျောင်းဝင်းထဲမှာ တော်လှန်ရေးသပိတ်အင်အားစုတွေက စစ်တပ်ထုတ်ကုန် (၈) မျိုးကို မသုံးစွဲဖို့နဲ့ မရောင်းချဖို့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ။
အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ၊ အတ်(ထ)မန်တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)၊ ဒဂုံတံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)၊ မန္တလေးဘီယာ၊ ရမ် (Mandalay)၊ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)၊ အာမီရမ် (Army Rum)၊ Red Ruby စီးကရက်နဲ့ Premium Gold စီးကရက် စတဲ့ ကုန်ပစ္စည်း (၈) မျိုးကို သပိတ်မှောက်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သပိတ်အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။