နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီတပ်သားတစ်ဦး KNLA ထံ လက်နက်နဲ့အတူ အလင်းဝင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၃၂) မှ တပ်သားတစ်ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထံကို စက်တင်ဘာ ၄ ရက်နေ့မှာ လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးက ဒီနေ့ထုတ်ပြန်ပါတယ်။


ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆၊ KNLA တပ်ရင်း ၁၇၊ တပ်ခွဲ ၂ ဆီ လက်နက်နဲ့အတူ လာရောက်အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် အလင်းဝင်တဲ့ တပ်သားနဲ့အတူ MA-1 (၁) လက်၊ ကျည်ဘောက် (၅) ဘောက်၊ ၅.၅၆ ကျည်တောင့် (၇၅) တောင့်နဲ့ အီကွေးမင့် (၁) စုံတို့ ပါလာကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်သို့ လာရောက်ပူးပေါင်းမယ့် ဘယ်စစ်သားကိုမဆို KNU က ကြိုဆိုနေပြီး ဘဝဆက်လက်ရပ်တည်ဖို့အတွက်လည်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ။ ကရင်အမျိုးသားအစည်းအရုံး ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူး ပေါင်းလာသော တပ်သားတစ်ဦး နှင့် KNLA မှ အရာရှိတစ်ဦး။

သတင်းအရင်းအမြစ် − ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 23 Views
မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးကာ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၁၅)ရက်။ မနေ့က
မြန်မာသတင်း

ရွှေကျင်မြို့မှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင်လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦး ဓါးခုတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 22 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီကျော်အချိန် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ရှိ အနောက်ဘက်ကျေးရွာမှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင် လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်
မြန်မာသတင်း

နတ်မောက်မြို့မှာ စစ်တပ်လက်အောက်ခံ ရွေး/ကော်ရဲ့ အကြီးတန်းစာရေးတဦးကို PDF ဖမ်းဆီးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 26 Views
နိုဝင်ဘာလ (၁၅)ရက်။ မကွေးတိုင်း နတ်မောက်မြို့နယ်ရဲ့ ရွေးကောက်ပွဲကော်မရှင်က အကြီးတန်းစာရေးတဦးကို ဖမ်းဆီးထားတယ်လို့ နတ်မောက်ဂဋ္ဌုန် PDF တပ်ရင်း(၉၀၃)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၈)ရက်နေ့က နတ်မောက်-မြို့သစ်လမ်းပိုင်းမှာ လုံခြုံရေးစစ်ဆေးတဲ့အချိန် ဖမ်းမိတာ။ ဖမ်းမိထားတဲ့သူက
မြန်မာသတင်း

ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲဝင်ခွင့် အသနားခံစာအယူခံ ရွေး/ကော် ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 18 Views
နိုဝင်ဘာလ (၁၅)ရက်။ PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ထားတဲ့ အသနားခံစာအယူခံ ပယ်ချခံခဲ့ရတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးစောဟန်အေးရဲ့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတဲ့ အယူခံ ပယ်ချခံရပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ စိတ်အားထက်သန်နေတဲ့
မြန်မာသတင်း

ရန်ကုန်မှာ နိုင်ငံရေးပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုပြီး လူငယ် (၄)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 23 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုကာ လူငယ် (၄)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖျက်ဆီးခံရတဲ့ နိုင်ငံရေးပါတီတွေဟာ သင်္ကန်းကျွန်းမြို့နယ်ထဲ စိုက်ထူထားတဲ့
မြန်မာသတင်း

ကမ္ဘာလုံးဆိုင်ရာ အခြေအနေ အကျဉ်းချုပ် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 36 Views
လက်ရှိ နိုဝင်ဘာလတွင် နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ အဓိက အာရုံစိုက်နေရသော အခြေအနေများမှာ- ၁။ ရုရှား-ယူကရိန်း တင်းမာမှုများနှင့် စိုးရိမ်မှုများ အပူပေးစနစ်နှင့် စွမ်းအင် အန္တရာယ်။ ယူကရိန်းသည် အဆိုးရွားဆုံး ဆောင်းရာသီ ကို ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတကာ
မြန်မာသတင်း

ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 44 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတက်တွေက တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ
မြန်မာသတင်း

မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း (၄၀)ကျော် ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 40 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့မှာ တနင်္သာရီတိုင်းထဲရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောတောင်မြို့သိမ်းတိုက်ပွဲမှာ KNLA၊ BPLA နဲ့ Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့