နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှစ်ဂိတ်ကို တပြိုင်နက်ဝင်တိုက်၊ စစ်သားနှင့် ရဲ နှစ်ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့အဝင် နေရာနှစ်ခုရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တပြိုင် နက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်နှင့်ရဲ နှစ်ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီ၅ ရက် ညနေ ၄ နာရီဝန်းကျင်က မြိုင်(ပကဖ)အဖွဲ့ဟာ ‌မြိုင်မြို့အဝင် မြောက်ဘက်နှင့် အနောက်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တပြိုင်နက် တိုက်ခို​က်ခဲ့ကြတာဖြစ်ပါတယ်။ ထိုသို့တိုက်ခိုက်မှုကြောင့် စစ်သားနှင့်ရဲ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိသွားပြီး ခုနစ်ဦးအနက် နှစ်ဦးသေဆုံး ကြောင်း မြိုင်(ပကဖ)အဖွဲ့ထံကသိရသည်။


စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။ အဆိုပါ စစ်ဆေးရေးဂိတ်နှစ်ဂိတ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့်ပျူများသည် အင်အား ၂၅ ဦးဝန်းကျင်ရှိပြီး တိုက်ပွဲမှာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း၊
ပကဖ ရဲဘော်များ ထိခိုက်မှုမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။


ရုပ်သံ – မြိုင်(ပကဖ)

Edit By: Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)နီးပါး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 18 Views
နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၉)ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံထားရသူ (၈၈)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 23 Views
ရွေးကောက်ပွဲ နှောင့်ယှက်သူတွေကို ဆက်လက်ဖမ်းဆီးဖို့ စစ်ကော်မရှင်ညွှန်ကြားထား ‌နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့အထိ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၈၈)ဦးအထိရှိပြီလို့
မြန်မာသတင်း

တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို စစ်တပ်က အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ကြေညာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 21 Views
‌နိုဝင်ဘာလ (၁)ရက်။ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက်ကြေညာထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေ ကြေညာတဲ့အမိန့်ကို မနေ့ကစပြီး ရက်ပေါင်း (၉၀)အထိ
မြန်မာသတင်း

ရန်ကုန်ရှိ စစ်တပ်ရဲ့ ရွှေပေါက္ကံနယ်မြေရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 19 Views
နိုဝင်ဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန် မြောက်ဥက္ကလာပမြို့ရှိ ‌စစ်တပ်လက်အောက်ခံ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၀)နာရီ (၁၇)မိနစ်အချိန်မှာ
မြန်မာသတင်း

ညောင်ဦးမြို့ ငါ့သရောက်ရဲစခန်းကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 11 Views
အောက်တိုဘာလ (၃၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက် (၈)နာရီခန့်က ညောင်ဦးမြို့ ငါ့သရောက်ရဲစခန်းကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်အား (၁၀၀)ကျော်နဲ့ ငါ့သရောက်ရဲစခန်းကနေ အိုရင်းရွာဘက်ကို
မြန်မာသတင်း

ရခိုင်ရှိ မြို့နယ်တွေကို စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး (၃၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 53 Views
အောက်တိုဘာလ (၃၁)ရက်။ ရခိုင်ရှိ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ပေါက်တောနဲ့ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေရွာကို စစ်တပ်က လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိုးကုတ်မြို့ကို ခွေးတိုးပေါက်ကဝင်လာတဲ့ စစ်ကော်မရှင်ကို ‌တိုက်ထုတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 44 Views
အောက်တိုဘာလ (၃၁)ရက်။ မိုးကုတ်မြို့ကို ဆက်လက်ကာကွယ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးတာဝန်ကနေ အနားယူထားတဲ့ တော်လှန်ရေးရဲဘော်တွေကို မြို့နယ်ပကဖက မနေ့က ပြန်လည်ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ မိုးကုတ်မြို့ရဲ့ လက်ရှိ စစ်ရေးအခြေအနေကြောင့် စစ်ကော်မရှင်ကို ပြန်လည်ခုခံတွန်းလှန်ဖို့ တော်လှန်ရေးရဲဘော်ဟောင်းတွေကို ပူးပေါင်းတိုက်ခိုက်နိုင်ဖို့အတွက် ဖိတ်ခေါ်တာလို့
မြန်မာသတင်း

အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့် စစ်တပ် ကန့်သတ်ပိတ်ပင်ထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 37 Views
အောက်တိုဘာလ (၃၁)ရက်။ ပြည်တွင်းရှိ အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့်ကို စစ်တပ်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ စစ်တပ်ထောက်ခံတဲ့ ယုန်လေးက မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ အနုပညာရှင်တွေ နိုင်ငံရပ်ခြားထွက်ရင် ကြိုအကြောင်းကြားပြီးမှ သွားလို့ရပါတော့မယ်။ ဒီနေ့တဖွဲ့ လှည့်ပြန်လာခဲ့ရပါတယ်။