နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်ပြည်နယ်၊ ရွှေက္ကိုလ်ဒေသရှိ စစ်တပ်နှင့် BGF စခန်းကုန်း ၅ ခုကို တိုက် ခိုက်သိမ်းပိုက်၊ BGF တပ်ဘက်မှ ၈၅ ဦးသေဆုံး ၊ လက်နက် ၇၅ လက်သိမ်းဆည်းရမိ

ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျုဟာစစ်ကြောင်း နှင့် တော်လှန် ရေး မဟာမိတ်တပ်များက
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသရှိ စစ်တပ်နှင့် BGF စခန်းကုန်း ၅ ခုကိုတိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့သိရပါတယ်။

အဲဒီ တိုက်ပွဲတွေမှာ စစ်တပ်နဲ့ဲ့BGF တပ်ဘက်မှ ၈၅ ဦးသေဆုံးပြီး လက်နက် ၇၅ လက် သိမ်းဆည်းရမိခဲ့တယ်လို့ Lion Battalion ဗျုဟာစစ်ကြောင်း ကထုတ်ပြန်ထားပါတယ်။

ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရွှေကုက္ကိုလ်ဒေသရှိ ဒုစရိုက်လုပ်ငန်းများ၊ မူယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အကြမ်းဖက်​စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ် ဒေသ၊ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများ အတွင်းတပ်စွဲ နေရာယူ ထား သော စစ်တပ်၊ BGF စခန်းများကို ဗိုလ်အယ်ဆေးဝါးဦး ဆောင် သော Lion Battalion ဗျုဟာစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဗျုဟာ မြောက် ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ရွှေက္ကိုလ်ဒေသကို ဆက်လက် ထိုးဖောက် တိုက်ခိုက် လျက် ရှိပြီး အသေးစိတ်ကို အခြေနေတွေကို ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Era’sEyes | Photo – Lion Battalion ဗျုဟာစစ်ကြောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အပစ်ရပ်ကာလ တအာင်းဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားနိုင်ဖို့ ဦးစားပေးဆောင်ရွက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 8 Views
‌နိုဝင်ဘာလ (၃)ရက်။ အပစ်ရပ်ကာလမှာ တအာင်းပြည်ရဲ့ ဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားလာနိုင်ဖို့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မြဝတီရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 11 Views
နိုဝင်ဘာလ (၃)ရက်။ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ဆိုပြီး စစ်ကော်မရှင်တပ်ဟာ  မြဝတီမြို့ရှိ ရသေ့ဂူရွာ၊ မင်းလက်ပံရွာနဲ့ ဖလူးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ မနေ့က
မြန်မာသတင်း

ဒီမော့ဆိုအနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် တော်လှန်ရေးရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 28 Views
‌နိုဝင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ကရင်နီပြည် ဒီမော့ဆိုအနောက်ခြမ်းတနေရာကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မနက် (၇)နာရီလောက် ဒီမော့ဆိုအနောက်ခြမ်းကို ဂျက်ဖိုက်တာကော အသေခံဒရုန်းနဲ့ကော ရှေ့ဆင့်နောက်ဆင့် ဗုံးလာကြဲသွားတာ။
မြန်မာသတင်း

မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား (၇)ဦး သတ်ဖြတ်ခံရပြီး (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 28 Views
‌နိုဝင်ဘာလ (၃)ရက်။ မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသတင်းသမား (၇)ဦးဟာ စစ်အာဏာရှင်ရဲ့ သတ်ဖြတ်တာခံခဲ့ရတယ်လို့ ယူကေသံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရကာ အခုအခါ သတင်းသမား (၅၁)ဦး ဆက်လက်ဖမ်း‌ဆီးခံထားရပြီး
မြန်မာသတင်း

ကန့်ဘလူမှာ မြို့နယ်ပအဖတံဆိပ်တုံး အတုလုပ်တာနဲ့ အခွန်ငွေအလွဲသုံးစားပြုလုပ်တဲ့ အခွန်အရာရှိ (၇)ဦးကို ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 24 Views
‌နိုဝင်ဘာလ (၃)ရက်။ ကန့်ဘလူမြို့မှာ မြို့နယ်ပအဖတံဆိပ်တုံးအတုပြုလုပ်တာနဲ့ အခွန်ငွေအလဲသုံးစားပြုလုပ်မှုနဲ့ မြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်အပါအဝင် အခွန်အရာရှိ (၇)ဦးကို မြို့နယ်နဲ့ ခရိုင်ပအဖက ဖမ်းဆီးထားတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ကန့်ဘလူမြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်ဟာ Non-CDM အချုပ်သူတဦးကို အဓမ္မပြုကျင့်တာကြောင့် မုဒိန်းမှုနဲ့
မြန်မာသတင်း

“တရုတ်ဖိအားနဲ့ပြောင်းလဲသွားတဲ့တော်လှန်ရေး”

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 52 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၁၉) ခေတ်မျက်လုံးရဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်တင်ပြလာတာအခုဆိုရင် (၁၉) ကြိမ်မြောက် ရှိလာပါပြီ။ ဒီအပတ်တနင်္ဂနွေနေ့မှာ ဆွေးနွေးတင်ပြမဲ့ အကြောင်းအရာ ကတော့ နွေဦးတော်လှန်ရေးစစခြင်း တပြည်လုံး စစ်အာဏာ သိမ်းတာကို ဆန့်ကျင်တော်လှန်ကြပေမဲ့ လက်နက်ခဲယမ်း အခက်အခဲကြောင့် တော်လှန်ရေး
မြန်မာသတင်း

တလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)နီးပါး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 57 Views
နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၉)ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းပြည်ထဲ စစ်တပ်ရဲ့ လေကြောင်းအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးသူထဲ
မြန်မာသတင်း

ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံထားရသူ (၈၈)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 55 Views
ရွေးကောက်ပွဲ နှောင့်ယှက်သူတွေကို ဆက်လက်ဖမ်းဆီးဖို့ စစ်ကော်မရှင်ညွှန်ကြားထား ‌နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့အထိ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၈၈)ဦးအထိရှိပြီလို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲ