ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ၁၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီအခမ်းအနားကို ဇွန်လ (၈) ရက် ဒီနေ့မှာ နေပြည်တော်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။
ပါတီဥက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ရအောင် လုပ်မယ်လို့ အခမ်းအနားမှာ ပြောကြားပါတယ်။
ဒီအခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတင်အေးနဲ့ ကြံ့ခိုင်ရေးအစိုးရဝန်ကြီးဟောင်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်ပြိုင်တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ နေရာအများစု ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။
Era’sEye/Photo/USDP