စစ်ကိုင်းတိုင်း ဒေသကြီး ၊ ခင်ဦးမြို့နယ် ထဲကို ဇွန်လ ၈ ရက် မနက် ၈ နာရီက စစ်ကောင်စီတပ်တွေ အင်အား ၁၂၀ နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ခင်ဦးဒေသခံတွေက ပြောကြပါတယ်။
ဒီကနေ့ မနက်အစောပိုင်းကတည်းက အင်အား အလုံးအရင်းနဲ့ ခင်ဦးမြို့ပေါ်ကို စတင် စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။ လက်နက်များဖြင့်ပစ်ခတ်ခြင်းမရှိပေမယ့် ဒေသခံတွေကတော့စိုးရိမ်ထိတ်လန့်နေကြပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို ဇွန်-၄ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက် မီးရှို့ခဲ့တယ်လို့သိရပြီး အိမ်ခြေ ၆၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Era’sEye/ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး/ ကံသစ်ရွာ မီးရှို့ခံရမှု (ပုံဟောင်း)