နွေဦးတော်လှန်ရေးမှာ ရှစ်လေးလုံး လူထုအရေးတော်ပုံက မွေးဖွားလာတဲ့ တော်လှန်ရေးစိတ်ဓါတ်ကို ပြန်လည်ပွားများယူဖို့ လိုတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဩဂုတ်လ (၈)ရက်မှာ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့ အခမ်းအနားမှာ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောဆိုရာမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။
ရှစ်လေးလုံးတော်လှန်ရေး စိတ်ဝိဉာဉ်ကို တန်ဖိုးထား နှလုံးသွင်းပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက်လာချိန်အထိ ဆက်လက်ချီတက်ရလိမ့်မယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးကို အောင်မြင်အောင် လုပ်ဆောင်ခြင်းနဲ့ အောင်ပွဲကို အပြီးတိုင် ရယူနိုင်မှသာ ပေးဆပ်သူ လူထုအပေါင်းကို ကျေးဇူးဆပ်ရာ ရောက်လိမ့်မယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကနေ ကြီးရင့်လာတဲ့ နွေဦးတော်လှန်ရေးမှာလည်း အောင်ပွဲရသည်အထိ တော်လှန်ရေးဝီရိယကို တစိုက်မတ်မတ် မြှင့်တင်သွားမယ်လို့ ယာယီသမ္မတက ကတိပြု ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
#Era’sEye \News