မြန်မာနိုင်ငံ နေရာ အတော်များများမှာ တိုက်ပွဲတွေ ဖြစ်နေပေမယ့်လို့ စစ်ကောင်စီကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ဒီနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင် စစ်မေးနေပြီ ဖြစ်ပါတယ်။
အခု စာမေးပွဲဟာ စနစ်ဟောင်းရဲ့ နောက်ဆုံးနှစ်စာမေးပွဲ ဖြစ်တယ်လို့ သိရပါတယ်။ နောက်နှစ်တွေမှာဆိုရင်တော့ ၁၂ တန်းစာမေးပွဲ ဖြေကြရတော့မှာဖြစ်ပါတယ်။
![](https://eraseye.com/wp-content/uploads/2023/03/334766177_776140067431815_9005509397760147424_n-1-1024x683.jpg)
![](https://eraseye.com/wp-content/uploads/2023/03/334933231_2279376982242951_6485203221653735478_n-1-1024x683.jpg)
![](https://eraseye.com/wp-content/uploads/2023/03/334935082_593178182393378_5235692715604392024_n-1024x683.jpg)
![](https://eraseye.com/wp-content/uploads/2023/03/333642363_521505716842630_628170935768793610_n-1024x683.jpg)
![](https://eraseye.com/wp-content/uploads/2023/03/334983112_662738245618691_5963862986332432610_n-1024x683.jpg)
![](https://eraseye.com/wp-content/uploads/2023/03/334766177_776140067431815_9005509397760147424_n-1024x683.jpg)
![](https://eraseye.com/wp-content/uploads/2023/03/334933231_2279376982242951_6485203221653735478_n.jpg)
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ခုနှစ်ကဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသူကျောင်း သားပေါင်း ၄၂၀၀၀ နီးပါးဖြေဆိုခဲ့ကြတယ်သိရပါတယ်။
အခုနှစ်မှာတော့ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ (၁၉၂၉၀) ဦးရှိပြီး လာရောက်ဖြေဆိုသူကတော့ (၁၆၉၂၈) ဦးသာဖြေဆိုခဲ့ပြီး ပျက်ကွက်သူပေါင်း နှစ်ထောင်ကျော် ထိရှိနေတယ်လို့သိရပါတယ်။
အရင်ကထက် အခုလိုကျောင်းသူကျောင်းသားဦးရေ လျော့နည်းလာခဲ့တာဟာ ဒေသတွင်းမတည်ငြိမ်မှုတွေ စစ်အာဏာသိမ်းတဲ့ အကျိုးသက်ရောက်မှုတွေကြောင့်ဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ပြောဆိုနေကြတယ်လို့သိရပါတယ်။