နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်နယ် စစ်မြေပြင်ကို စစ်ကောင်စီက အရပ်ဝတ်များဖြင့် အင်အားဖြည့်မည်ဟု အတွင်းသတင်း ရထား

ချင်းပြည်နယ် စစ်မြေပြင်ကို စစ်ကောင်စီက အရပ်ဝတ်များနဲ့ အင်အားဖြည့်မယ်ဆိုတဲ့ အတွင်းသတင်း ရထားကြောင်း CNF က ပြောကြားလိုက်ပါတယ်။


လတ်တလောမှာ ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ ဇွန်လအတွင်း တိုက်ပွဲများမှာ နှစ်ဖက်ကျဆုံးထိခိုက်မှုများ ရှိခဲ့တယ်လို့ သိရပါတယ်။

အများပြည်သူ ခရီးသွားယာဉ်တွေမှာ စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင် ဒါမှမဟုတ် လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ယူပို့ဆောင်တာကို တားမြစ်ကြောင်းနဲ့ ချင်းပြည် နယ်ကို ဒေသခံချင်းပြည်သူများမှအပ ပြင်ပက ခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ကြေညာချက်ကို CNF က ဇွန် ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီး ဆလိုင်းထက်နီက “အရင်က စစ်ကောင်စီက မြေပြင်တိုက်ပွဲတွေမှာ အင်အားအလုံးအရင်းနဲ့ တက်လာတယ်။အခုက အဲဒီလို မျိုးမဟုတ်ဘဲနဲ့ စစ်ဗျူဟာကို ပြောင်းလိုက်တယ်။ သူတို့ စစ်ကူတွေကို လူအင်အား လက်နက်အင်အား ပို့ရင် မြေပြန့်ကနေ မှတ်ပုံတင်တွေ လုပ်ပြီး အရပ်ဝတ်ပုံစံနဲ့ တက်လာတယ်လို့ ကျနော်တို့က အတွင်းသတင်း ရရှိထားတာ ရှိပါတယ်။ ပြီးတော့ ကျနော်တို့က တိုက်ပွဲမရှိတဲ့နေရာ ပြည်သူလူထုတွေ စားဝတ်နေရေး ခရီးသွားလာရေးလွယ်ကူအောင်ဆိုပြီး လမ်းကို ဖွင့်ပစ်တယ်။ အဲဒါကို စစ်ကောင်စီက အလွဲသုံးစားလုပ်ပြီး သူတို့ ကျနော်တို့ကို ချေမှုန်းနိုင်ဖို့ အဲဒီလို လုပ်နေတယ်လို့ သတင်းအခိုင်အမာ ရထားတာရှိတယ်” လို့ ချင်းမီဒီယာ ကို ပြောကြားထားပါတယ်။

စစ်တပ်က ထိုးစစ်ဆင်ရာမှာ လူအင်အားဖြည့်တင်းမှုတွေကို လေကြောင်းကနေ လုပ်ဆောင်ပါက များစွာ မထိရောက်တဲ့အတွက် အရပ်ယာဉ်များ သုံးပြီး အင်အားဖြည့်ရန် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ဟားခါး – ထန်တလန်မြို့နယ်အကြားကို စစ်ကောင်စီက မြေပြင်မှ စစ်ကြောင်းထိုးပြီး လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့တာကြောင့် မေလ ၂၉ ရက်နေ့ကနေ ဇွန်လပထမပတ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက် အကျအဆုံးများလည်း ရှိနေပါတယ်။

Era’Eye/Photo/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 6 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေမျှဝေတဲ့ အခမ်းအနားပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 6 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေ မျှဝေတဲ့ အခမ်းအနားတရပ်ကို Zoom Platform ကနေတဆင့်
မြန်မာသတင်း

ပုဂံ ညောင်ဦးမြို့မှာ NUG လက်အောက်ခံ လက်နက်ကိုင်တစ်စုက လူသတ်ဓါးပြတိုက်မှုတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 8 Views
ဇန်နဝါရီလ (၁၉) ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းကစပြီး ပုဂံ ညောင်ဦးမြို့နယ်က ဒေသခံဆိုင်ပိုင်ရှင်အချို့ကို လက်နက်ကိုင်လူတစ်စု လူသတ်ဓါးပြတိုက်ပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးကို သတင်းပို့ပြောပြချက်တွေအရ သိရပါတယ်။ “ ဒီဇင်ဘာလထဲကစပြီး ဒေသခံတွေနဲ့ ဆိုင်ပိုင်ရှင်အချို့ကို
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ နှုတ်ဆက်မိန့်ခွန်း ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 14 Views
+++++++++++++++++++++++++++++ ကျွန်ုပ်ရဲ့ လေးစားအပ်သော အမေရိကန်များကို ဘဲဥပုံရုံးကနေကျွန်ုပ်ခင်ဗျားတို့ကို ဒီနေ့ည စကားပြောပါ့မယ်ဆိုတဲ့စကားနဲ့အစချီပြီး အမေရိကန်သမတကြီးဂျိုးဘိုင်ဒင်က အစပဏာမမှာ သူ့အနေနဲ့နောက်တက်လာမယ့်သမတထရန့်နဲ့ အခြေအတင် ဖြစ်ခဲ့မှုတွေ ရှိခဲ့လင့်ကစား အမေရိကန် ဒီမိုက‌ရေစီစနစ်ရဲ့ လေးစားထိုက်တဲ့အမူအကျင့်ကိုပြသတဲ့အနေနဲ့ သူဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်သွားခဲ့ပေမဲ့ သူ့အစိုးရက
မြန်မာသတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 12 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၁)နာရီလောက်ကစပြီး
မြန်မာသတင်း

ကိုဗစ်ချေးငွေတွေကို သတိပေးစာနဲ့ ပြန်တောင်းဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 12 Views
ဇန်နဝါရီလ (၁၈)ရက်။ ကိုဗစ်-၁၉ ချေးငွေတွေအနေနဲ့ ထုတ်ချေးပေးထားတာတွေကို ပြန်တောင်းဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်ကာ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုဗစ်ချေးငွေတွေ ပြန်တောင်းဖို့ကို ဇန်နဝါရီလ (၁၆)ရက်နေ့က ကော်မတီအစည်းအဝေးတရပ် ခေါ်ယူပြီး စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးက
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပအိုဝ်းပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 12 Views
ဇန်နဝါရီလ (၁၈)ရက်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီဟာ
မြန်မာသတင်း

မုံရွာအခြေစိုက် နမခ ရှော့တိုက်ဒုံး (၃၀)လုံးနဲ့ ပစ်ခတ်ခံရ၊ တိုင်းစစ်ဦးစီးချုပ်ရဲ့ PSO အပါအဝင် (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 12 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည (၉)နာရီ (၄၇)မိနစ်အချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံး (၃၀)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မုံရွာအခြေစိုက်