စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ ၄ ရွာက ပြည်သူ ၂၅၀၀ ကျော်ဟာ ထွက်ပြေးနေရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို ဇွန်လ ၈ ရက်နေ့မှာ ရေဦးကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးသံဘိုရွာကို စစ်ကြောင်းထိုးလာတာကြောင့် အနီးအနား ပတ်ဝန်းကျင် ကျေးရွာ ၄ ရွာက ဒေသခံ ၂၅၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေကြရတာပါ။
အဲဒီစစ်ကြောင်းဟာ ညအချိန်နဲ့ မနက်အစောပိုင်းအချိန်တို့မှာ ကျေးရွာတွေ အထဲကို ဝင်ရောက် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် သံဘိုရွာ၊ချောင်းဆုံရွာ၊ ကျီးကန်ရွာ၊ ရေအေးကုန်းရွာ စတဲ့ ကျေးရွာ ၄ ရွာမှ ဒေသခံ ၂၅၀၀ ကျော် စစ်ကြောင်းရှောင်နေရပြီး အကူအညီများစွာ လိုအပ်နေတယ်လို့ သိရပါတယ်။
Era’sEye/ဓာတ်ပုံ- စစ်တပ် စစ်ကြောင်းထိုး၍ ထွက်ပြေးနေရတဲ့ ဒေသခံများ။