ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လူနေအိမ်တစ်လုံး ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ ဇွန်လ (၉) ရက် နံနက် ၉ နာရီခွဲခန့်က ကော့ကရိတ်မြို့တွင်းသို့ လက်နက်ကြီးကျည် ၃ ကြိမ် ကျရောက်ခဲ့ပြီးနောက် အမှတ် (၂) ရပ်ကွက်၊ ခရင်းကျောင်းလမ်းသွယ်၊ ဆေးရုံကုန်းဆင်းအနီးရှိ လူနေအိမ်တစ်လုံးကို ထိမှန်ပျက်စီးခဲ့တာပါ။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ လူနေအိမ် ပျက်စီးခဲ့ပေမယ့် လူထိခိုက် ဒဏ်ရာရရှိခြင်း မရှိဘူးလို့လည်း သိရပါတယ်။






ကော့ကရိတ်မြို့နှင့် အနီးတစ်ဝိုက်မှာ ဒီနှစ်အတွင်း နှစ်ဖက်လက်နက်ကိုင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကာ တိုက်ပွဲများကြောင့် ဒေသခံ အရပ်သားများ ကျည်ထိမှန် သေဆုံးမှု၊ နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်လျက် ရှိနေတာပါ။
Era’Eye/Photo – PAN