နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီရဲ့ကာ/လုံအစည်းအဝေးတက်တဲ့ ဦးဟန်နရီဗန်ထီးယူ ပါတီဝင်အဖြစ်ကနေ NLD ထုတ်ပယ်

ဇူလိုင်လကုန်မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ ကာ/လုံအစည်းအဝေးကို တက်ရောက်တဲ့ ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ဒီကနေ့ ဩဂုတ်လ (၉)ရက်မှာ NLD ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဩဂုတ်လ (၈)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးမှာ ဗဟိုကော်မတီဝင်တွေရဲ့ သဘောထားကို ရယူဆွေးနွေးပြီး ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဟင်နရီဗန်ထီးယူဟာ NLD ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်သူ့ဆန္ဒကို အလေးအနက်ထား ‌ဆောင်ရွက်မယ်ဆိုတဲ့ ကတိသစ္စာတွေကို ချိုးဖောက်တာကြောင့် ပါတီဝင်အဖြစ်က ထုတ်ပယ်တာလို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေနဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်ထောင်စုတစ်ဝန်းလုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့အတူ ရင်ဆိုင်ရပ်တည်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကို NLD ဥက္ကဌနဲ့ ဒုဥက္ကဌတွေအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉)ဦးတို့မှာ ကိုယ်တိုင်ဆန့်ကျင်တာကြောင့် မတရားဖမ်းဆီးခံနေရသလို ပါတီဝင်တွေလည်း မတရားဖမ်းဆီးချုပ်နှောင်ခံနေရတယ်လို့ ဆိုထားပါတယ်။

ဦးဟင်နရီဗန်ထီးယူဟာ NLD အစိုးရလက်ထက်မှာ ဒုသမ္မတအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသလို စစ်ကောင်စီလက်ထက်မှာလည်း ဒုသမ္မတအဖြစ် ထပ်မံတာဝန်ပေးခံထားရကာ အရေးပေါ်ကာလသက်တမ်းထပ်တိုးတဲ့အပေါ် ထောက်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 21 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 20 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 22 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ
မြန်မာသတင်း

ဆားလင်းကြီးမြို့မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
ဇွန်လ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ မုံရွာနမခကနေ စကစက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးတွေကြဲချတာ။ စစ်သင်္ဘောတွေကလဲ မြစ်ကမ်းဘေး ဝဲ၊ယာက
မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 43 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မှော်ဘီက အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မှော်ဘီမြို့မရဲစခန်းက အစောင့်ရဲခွေးတွေကို အဝေးထိန်းမိုင်း(၂)လုံးကို