နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 8 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

“ဝ” ဒေသမှာ အွန်လိုင်းလိမ်လည်မှုပြုလုပ်နေသူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို “၀” အဖွဲ့က ဖမ်းဆီးပြီး တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်း။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ” ဒေသမှာ အွန်လိုင်းလိမ်လည်မှုပြုလုပ်နေသူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP) လက်အောက်ခံ “၀” ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံကို စက်တင်ဘာ (၆) ရက်နေ့နဲ့ (၇) ရက်နေ့တို့မှာ လွှဲပြောင်းအပ်နှံခဲ့ကြောင်း “၀” အဖွဲ့၏ WSTV သတင်းဌာနမှ တစ်ဆင့်ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီထဲမှာ အွန်လိုင်း တရားခံပြေး (၄၁) ဦး ပါဝင်ကြောင်း သိရပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ ဖုန်းကတ်၊ ဘဏ်ကတ်တွေကိုလည်း တစ်စုတစ်စည်းတည်း လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။


မြန်မာနိုင်ငံကနေ လိမ်လည်မှုကျူးလွန်သူနေများကိုဖမ်းဆီးပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက (၆) ဦးနဲ့ ဩဂုတ်လမှာ (၂၄) ဦးရှိကြောင်း တရုတ်နိုင်ငံသံရုံးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၃) ရက်နေ့ကလည်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ အွန်လိုင်းလိမ်ညာမှုကျူးလွန်နေသူ ၂၆၉ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။


မြန်မာနိုင်ငံ မြောက်ပိုင်းမှာလည်း တရုတ်နိုင်ငံနဲ့သက်ဆိုင်သည့် အွန်လိုင်း လိမ်ညာမှုများ ဆိုးဝါးနေတဲ့အပေါ် တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနရဲ့ စီမံချက်နဲ့ ယူနန်ဒေသဆိုင်ရာပြည်သူ့လုံခြုံရေးဌာနများက ဆက်တိုက် တွန်းအားပေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို လေးနိုင်ငံမှ ရဲတပ်ဖွဲ့များဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစည်းအဝေးကျင်းပခဲ့ပြီး ဒေသတွင်း ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစား ရာဇဝတ်မှုများ၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ဖမ်းဆီးမှု စတဲ့ ရာဇဝတ်မှုများကို အထူးပူးပေါင်းတိုက်ဖျက်မှုများ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။


ဓာတ်ပုံ/WSTV သတင်းဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့
မြန်မာသတင်း

အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်တာတွေကို စိုးရိမ်တယ်ဆိုပြီး စစ်ကော််ရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 15 Views
မတ်လ (၇)ရက်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်တာတွေအတွက် အလွန် စိုးရိမ်ပူပန်တယ်‌ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

ကနီမှာ ရှင်ပြုအလှုပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို
မြန်မာသတင်း

SRA အဖွဲဝင်တွေ ဖမ်းဆီးခံထားရတဲ့အပေါ် MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိင်းနေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 14 Views
မတ်လ (၇)ရက်။ SRA အဖွဲဝင်အချို ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိင်းနေတယ်လို BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကျနော်တို SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့
မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 40 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 34 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မတ်လ (၄)ရက်နေ့ ည (၉)နာရီ (၂)မိနစ်နဲ့ (၂၈)မိနစ်တိုမှာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 39 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့