နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 13 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကျောက်မဲမှာ အင်အားဖြည့်တင်းလာတဲ့ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့

စက်တင်ဘာလ (၈) ရက်နေ့ နံနက် (၇) နာရီခွဲအချိန်က ကျောက်မဲမြို့၊ လဲကြီးနဲ့ တောင်နီအကြား အင်အားဖြည့်တင်းလာတဲ့ စစ်တပ်ရဲ့ တပ်မ(၈၈)၊ လပခ – ခလရ (၇၁) နဲ့ တအာင်းတပ်မတော် တပ်မဟာ(၄)၊ တပ်ရင်း (၅၉၃) တို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကူလာတဲ့ စစ်တပ်နဲ့ TNLA တို့ နေ့လယ် (၂)နာရီခွဲအထိ ထပ်မံတိုက်ပွဲပြင်းထန်ခဲ့ကာ စစ်တပ်ထံက MA1 (၃) လက်၊ MA2 (၁) လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် စစ်တပ်ရဲ့ စစ်ကားတစ်စီးလည်း ချောက်ထဲ ထိုးကျပျက်စီးခဲ့ကာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပေမယ့် အသေးစိတ် မသိရှိရသေးဘူးလို့ ရေးသားထားပါတယ်။

စက်တင်ဘာလ (၇)ရက်နေ့ကလည်း လားရှိုးကနေ သိန္နီကို ထိုးစစ်ဆင်လာသည့် စစ်တပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ မုန်းလီနဲ့ ကောင်းဆာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်ဘက်က တအာင်းပြည်နယ်ထဲ စစ်အင်အားအလုံးအရင်း ဖြည့်တင်းလာခြင်းနဲ့ ထိုးစစ်ဆင်တာတွေ နေ့စဉ်ပြုလုပ်လာတာကြောင့် TNLA နဲ့ စစ်တပ်ကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုထားပါတယ်။

ဇူလိုင်လ (၂၃)ရက်ကနေ စက်တင်ဘာလ (၈)ရက်အထိ တိုက်ပွဲ စုစုပေါင်း (၃၆)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 1 Views
ဇွန်လ (၁၃)ရက်။ မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 13 Views
ဇွန်လ (၁၃)ရက်။ ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း(၇၂၀)ကျော် လျော့ကျခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 11 Views
ဇွန်လ (၁၃)ရက်။ မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ
မြန်မာသတင်း

ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 20 Views
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ ‌သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို
မြန်မာသတင်း

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 25 Views
ဇွန်လ (၁၂)ရက်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် နောင်ချိုမြို့ထဲ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဧပြီလ (၂၉)ရက်နေ့ကနေ
မြန်မာသတင်း

(၅)လတာထဲ မင်းတပ်မြို့မှာ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 23 Views
ဇွန်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကစပြီး ဇွန်လ (၁၁)ရက်နေ့အထိ မင်းတပ်မြို့ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၈)ကြိမ်ရှိခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မင်းတပ်မြို့ထဲ ကြဲချခဲ့တဲ့ ဗုံးအရေအတွက်ဟာ (၄၁)လုံးရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေကို
မြန်မာသတင်း

ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၄)သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 30 Views
ဇွန်လ (၁၂)ရက်။ ဇွန်လ (၁၀)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်အချိန်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က
မြန်မာသတင်း

နမ္မတူမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 25 Views
ဇွန်လ (၁၂)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီကျော်အချိန်က နမ္မတူမြို့ မန်လီရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မန်လီရွာကို စစ်ကောင်စီတပ်က