နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပြင်ဦးလွင်အိမ်ရာစီမံကိန်း ပထမဆုံးရက်မှာ ဒေါ်လာနှစ်သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ NUG ဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က တော်လှန်ရေးရန်ပုံငွေအဖြစ် ရောင်းချနေတဲ့ ပြင်ဦးလွင် ဖက်ဒရယ်စမ်းရေအိမ်ရာစီမံကိန်း စတင်ရောင်းချတဲ့ရက်မှာ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ NUG စီမံ/ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေးထားပါတယ်။


တပ်မတော်နည်းပညာတက္ကသိုလ်အနီးက စစ်တပ်ပိုင်မြေတွေကို NUG စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက မြေကွက်တွေသတ်မှတ်ပြီး တော်လှန်ရေးရန်ပုံငွေအနေနဲ့ အောက်တိုဘာ ၇ ရက်မှာ စတင်ရောင်းချခဲ့တာပါ။

တရားဝင်ရောင်းချမှု မစခင်ကတည်းက ဝယ်ယူဖို့ ကြိုတင်စာရင်းပေးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ သန်း ကျော်ရှိခဲ့သလို စတင်ရောင်းချတဲ့ရက်မှာ ကန်ဒေါ်လာ ၂ ဒသမ ၃ ကျော်ဖိုး ရောင်းချနိုင်ခဲ့တာလို့ ဆိုထားပါတယ်။

မန္တလေး-လားရှိုး လမ်းမကြီးရဲ့မြောက်ဘက် တပ်မတော်နည်းပညာတက္ကသိုလ်အနီးက စစ်တပ်ပိုင်မြေ ဧက သုံးရာဝန်းကျင်လောက်ကို လူနေအိမ်ရာနဲ့ စီးပွားရေးလုပ်ငန်းတွေ အသုံးပြုဖို့ မြေကွက်တွေ သတ်မှတ်ပြီး NUG က ရောင်းချနေတာ ဖြစ်ပါတယ်။

ဝယ်ယူသူတွေအနေနဲ့ လက်ရှိတော်လှန်ရေးကာလအတွင်း သတ််မှတ်ရောင်းချဈေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကို တကြိမ်တည်း ပေးသွင်းနိုင်သလို သုံးလအတွင်း သုံးကြိမ်ခွဲသွင်းတဲ့ နည်းလမ်းနဲ့လည်း ဝယ်ယူနိုင်တယ်လို့ NUG စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

NUG ရဲ့ စိုးမိုးနယ်မြေ ဒေသ ၃၈ ခုကနေ ၇ လအတွင်း အခွန်ငွေ ကျပ်သုံးဘီလီယံကျော် ရခဲ့တယ်လို့ အခုနှစ်ဆန်းပိုင်းမှာ NUG စီမံ/ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ပြောထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 25 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ
မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 34 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 49 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ (၆)နာရီ (၄)မိနစ်က မန်ကျည်းကန်နဲ့ ညောင်ကုန်းရွာကြားက တောတိုက်ထဲတနေရာကို စစ်တပ်က
မြန်မာသတင်း

မဲဆွယ်ရာမှာ “ တော်လှန်ရေး” စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အလုပ်နဲ့ ထောင်(၁)နှစ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
ဇန်နဝါရီလ (၈)ရက်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ “ ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် (၁)နှစ်ဆိုပြီး
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 36 Views
ဇန်နဝါရီလ (၈)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ရဲ့ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ကို
မြန်မာသတင်း

PNLA လှုပ်ရှားတဲ့ တောထဲ စစ်တပ်က ထိုးစစ်ဆင်တာကြောင့် နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 35 Views
ဇန်နဝါရီလ (၈)ရက်။ အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလထဲ စကမနဲ့ PNO
မြန်မာသတင်း

ဂန့်ဂေါနယ် မြင်းဇာရွာဘုန်းကြကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 27 Views
ဇန်နဝါရီလ (၈)ရက်။ မနေ့က ညနေ (၆)နာရီခွဲကျော်အချိန်က ဂန့်ဂေါနယ် မြင်းဇာရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညနေ (၆)နာရီ (၃၆)မိနစ်လောက် တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 54 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ (၂၆)ရက်နေ့ကပါ။ သိမ်ဇရပ်မြို့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို