နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ထံသို့ ဆရာဝန်တဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်လာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။

ဒီလ ဒီဇင်ဘာလ (၂) ရက်နေ့က စစ်ကိုင်းတိုင်းကနီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ်စိုးထက်အောင်ဟာ ခဲယမ်းကျည်၊ လက်ထိပ်တစ်ခု၊ ဆိုင်ကယ်တစ်စီးကို ယူလာပြီး မိသားစုနဲ့အတူ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) (ယင်းမာပင်ခရိုင်တပ်ရင်း ၃၀) ဆီကို အလင်းဝင်ရောက်လာခဲ့တယ်လို့ ADPRA က ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၅) ရက်နေ့ကလည်း ကနီပြည့်သူ့ဆေးရုံ ငှက်ဖျားဌာနက PS ရာထူးအဆင့်ရှိ ဦးနေဇာအောင်လည်း လူနာတင်ယာဉ်တစ်စီးနဲ့အတူ ADPRA ဆီကို အလင်းဝင်ရောက်လာခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူတွေကို ADPRA က ကောင်းမွန်စွာကြိုဆိုခဲ့ပြီး သူတို့ရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ADRPA တာဝန်ခံက ခေတ်မျက်လုံးကို ပြောပါတယ်။

ထပ်မံအလင်းဝင်လာမယ့်သူတွေကိုလည်း ကြိုဆိုသွားမှာဖြစ်ပြီး ထိုက်သင့်တဲ့ဆုကြေးလည်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း လက်နက်ချသူတွေကိုတော့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူမယ်လို့ သိရပါတယ်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ဟာ တော်လှန်ရေးအစကတည်းက ကိုယ်ပိုင် အိမ်ခြံမြေတွေ ရောင်းချပြီး ကိုယ်ပိုင်ငွေများနဲ့ တည်ထောင်ထားတဲ့ တပ်ဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

တော်လှန်ရေးအစမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Fundraiser အကြား ပြဿနာများ ဖြစ်ခဲ့ကြပြီးကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် ဦးနိုင်ထူးအောင်က ADPRA ဆိုတာ ဘယ်အဖွဲ့လည်း မသိကြောင်း ပြောဆိုခံခဲ့ရတဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာနက ADPRA ရဲ့ တပ်ရင်းတစ်ခုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ အနေနဲ့ အသိအမှတ်ပြုထားပြီး အခြားတပ်ရင်းတွေကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ရပ်တည်နေတဲ့အဖွဲ့တစ်ခု ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့