နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုန်းမြို့ဒေသတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့၀င် (၁၀၀)ကျော်သေဆုံးပြီး (၂၁)ဦး လက်နက်ချအညံ့ခံဟု ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊ ခေတ်မျတ်လုံး။

မုန်းမြို့ဒေသက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့၀င် (၁၀၀)ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၂)ရက်နေ့ ည(၁၁)နာရီအချိန်မှာ ကျိ၁်ကညီz(ဖားစည်ဟိန်းသံ)နဲ့ ဆယ်လမွန် ပူးပေါင်းစစ်ဆင်‌ရေးအဖြစ် မုန်းမြို့ဒေသရှိ ခမရ(၅၉၀)တပ်ရင်းဌာနချုပ်အပါအ၀င် ခမရ(၅၉၉)တပ်ရင်းဌာနချုပ်၊ မုန်းမြို့ရဲစခန်း၊ မုန်းသာစည်တံတားကင်းနဲ့ ကော့ပြင်းတပ်စခန်းတို့ကို KNLA၊ PDF နဲ့ BPLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက တစ်ပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ ခမရ(၅၉၀)တပ်ရင်းဌာနချုပ်၊ မုန်းမြို့ရဲစခန်းနဲ့ ကော့ပြင်းတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ခမရ(၅၉၉)တပ်ရင်းဌာနချုပ်နဲ့ မုန်းသာစည်တံတားကင်းကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် (၁၀၀)ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ဒုရင်းမှူးအဆင့်ရှိ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး(၂)ဦးအပါအ၀င် အရာခံအကြပ်စစ်သည် (၂၁)ဦး လက်နက်ချအညံ့ခံခဲ့ကာ တပ်မိသားစု၀င် (၅၈)ဦးကိုလည်း ထိန်းသိမ်းခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် စစ်ရေးရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ခဲ့သလို ပူးပေါင်းမဟာမိတ်တပ်ဖွဲ့၀င်တွေလည်း ထိခိုက်ကျဆုံးမှုအချို့ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲအနေနဲ့ စစ်တောင်းမြစ်ဝှမ်းတစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်မှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီယန္တရား လည်ပတ်စေဖို့ ဆောင်ရွက်နေသူတွေကို ပြည်သူ့ဘက်ရပ်တည်ကြဖို့ တိုက်တွန်းထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း မိမိတို့ရဲ့ ဘေးအန္တရာယ်ကင်းဝေးစေဖို့အတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ပေးကြဖို့ တောင်ပိုင်းစစ်ဒေသက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့