Photo/ TR- ထီးချိုင့်မြို့နယ်ထဲက သခွတ်ပင်ရွာ မီးရှို့ခံခဲ့ရစဉ်။
ထီးချိုင့်မြို့နယ်ရှိ ထန်းကုန်းရွာကို ယနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် အကြောင်းရင်းမရှိဘဲ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်မှုကြောင့် သေခံတစ်ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။ အဆိုပါထန်းကုန်းရွာသည် ဇန်နဝါရီလ (၇) ရက်နေ့ကလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့်အတွက် တစ်ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
MoeZ/Era’seyes