စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညားထားတဲ့ ထန်တလန်မြို့ရဲစခန်းကို CNA (ချင်းအမျိုးသားတပ်) နှင့် CDF (ချင်းကာကွယ်ရေးတပ်)ထန်တလန်တို့က ယမန့်နေည ၁၀ နာရီမှစတင်၍ သုံးနာရီကြာတိုက်ခိုက်ပြီးရဲစခန်းတခုလုံးကို သိမ်ဆည်းနိုင်ခဲ့ ကြောင်း ချင်းကာကွယ်ရေးတပ်များထံမှသိရသည်။
ရဲစခန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့ည ၁၀ တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက် မနက် ၁ နာရီခန့်တွင် စခန်းတခုလုံးကို သိမ်းဆည်းမိကာ ဒရုန်းပစ်လက်နက်အပါအဝင် လက်နက် ၄၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ ရဲစခန်းကို သိမ်း ပိုက်ပြီးချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတောက်လျှောက် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
CNA၊ CDFဘက်မှ တဦးကျဆုံးခဲ့ကြောင်း CNA က သတင်းထုတ်ပြန်ထားသည်။ ထန်တလန်မြို့သည် စစ်ကောင်စီက ဖေဖော်ဝါရီလတွင် စစ်အုပ်ချုပ်ရေးထပ်တိုးထုတ်ပြန်ခဲ့သော ၃၈ မြို့ထဲမှတစ်မြို့ဖြစ်သည်။
( ထန်တလန်ရဲစခန်းနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ၊ တိုက်ခိုက်ခဲ့သောတပ်ဖွဲ့ဝင်များနှင့် ကျဆုံးခဲ့သောတပ်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-CJ )