ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ (၁)၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးနယ်၊ မင်းစောရွာ အတွင်းကို စစ်ကောင်စီတပ် ကိုးနဝင်းစခန်းကနေ လက်နက်ကြီး (၂)လုံး နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် လူနေအိမ် (၉) လုံး ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ကိုးနဝင်းစခန်းဟာ ကေအဲန်ယူ-မူတြော်ခရိုင်အတွင်းမှာ တပ်စွဲထားတာဖြစ်ပြီး မင်းစောကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားတာပါ။
Photo – KNU







