နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထီးချိုင့် PDF စခန်း ကို စစ်ကောင်စီ စီးနင်းတိုက်ခိုက်

ထီးချိုင့်မြို့ကျောက်မှော်ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ယနေ့(မတ်လ ၉ရက်)နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်စခန်း ကို အင်အားအများအပြားဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် အိမ်ခြေ ၆၀၀ ခန့်ရှိိတဲ့ကျောက်‌မှော်ရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Era’sEyes | Photo – CJ – ​ကျောက်​မော်ရွာမီး​လောင်​နေသည်ကို မြင်တွေ့ရစဥ်။

စီးနင်းတိုက်ခိုက်မှုမှာ ဆိုင်ကယ် ခုနှစ်စီး၊ ကားတစ်စီးနှင့် စခန်းအဆောက်အဦးအချို့ ဆုံးရှုံး ခဲ့ရတာဖြစ်ပါတယ်။

PDF တပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြေပါတယ်။

ကျောက်မှော်ရွာတွင်လည်း ယနေ့ညနေ ၃နာရီခန့်အထိ မီးလောင်ကျွမ်းနေတာ ဖြစ်ပြီး စစ်ကောင်စီတပ်က ရွာအတွင်း တပ်စွဲထားဆဲဖြစ်တယ်လို့ ​ဒေသခံတွေက ပြောကြားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တန့်ဆည်မြို့က NUG ကျောင်းတစ်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်ပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 0 Views
ဇွန်လ (၂၀)ရက်။ မနေ့က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ NUG ကျောင်းတစ်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ် ကျင်းပခဲ့ကြတယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

ရေဖြူမြို့တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃၀)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 0 Views
ဇွန်လ (၂၀)ရက်။ မနေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့၊ ရာဖူးကျေးရွာအုပ်စုရှိ မျောက်ချောရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့ပေါ်က ကမ္ဘောဇဘဏ်ဓါးပြတိုက်သူတွေကို စစ်ကောင်စီက အသေပစ်ခတ်ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 1 Views
ဇွန်လ (၂၀)ရက်။ မနေ့က ညနေ(၄)နာရီခွဲအချိန်မှာ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)မှာ လုယက်ဓါးပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့သတင်းတွေအရ သိရပါတယ်။ စစ်ကိုင်းမြို့ပေါ်က ကမ္ဘောဇဘဏ်(၁)ကို အမည်မသိအမျိုးသား (၄)ဦးက ဆိုင်ကယ်နှစ်စီးနဲ့လာရောက်ကာ ဓါးပြတိုက်လုယက်ချိန် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

တိုက်ကြီးမြို့မှာ ဖဲရိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 1 Views
ဇွန်လ (၂၀)ရက်။ မနေ့က ညနေ (၄)နာရီ (၁၀)မိနစ်အချိန်က တိုက်ကြီးမြို့မှာ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီဂဌုန်တပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီးခေါင်းဆောင်ဟာ ပန်းပင်တန်းကျေးရွာအုပ်စုရှိ သဲဖြူ-ပိန်းရှိုလေးရွာနေ ရာအိမ်မှူး ဝင်းမောင်ဖြစ်ကာ နေရာမှာပဲသေဆုံးခဲ့တယ်လို့
မြန်မာသတင်း

မတူပီလမ်းပိုင်းတွေကို အကန့်အသတ်မရှိပိတ်ထားတယ်လို့ CDF-မတူပီ ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 3 Views
ဇွန်လ (၂၀)ရက်။ မတူပီလမ်းပိုင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ CDF-မတူပီရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတူပီမြို့မှာ စစ်ကောင်စီစခန်းတွေကို သိမ်းယူနိုင်ဖို့ ချင်းလဲန်းကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုအောက်မှာ CNA/CDFs တွေက စစ်မျက်နှာ တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်အသုံးစရိတ်ဆိုပြီး စစ်ကောင်စီက အရပ်သားအိမ်တွေကို ဆက်ကြေးကောက်

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 2 Views
ဇွန်လ (၂၀)ရက်။ ဆီဆိုင်မြို့မှာ စစ်အသုံးစရိတ်ဆိုပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က အရပ်သားအိမ်တွေကို ဆက်ကြေးကောက်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆီဆိုင်ကြီးကျေးရွာမှာ စစ်ရှောင်ကနေပြန်လာတဲ့ ပြည်သူတွေကို အတင်းအဓမ္မ လူသစ်စုဆောင်းတာအပြင်
မြန်မာသတင်း

NUG ကိုယ်စားလှယ်ရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦး အလုပ်ထုတ်ခံရ

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 4 Views
ဇွန်လ (၂၀)ရက်။ NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာတွေကြောင့် တိုင်ကြားခဲ့တဲ့ ဝန်ထမ်းအမျိုးသမီး ရာထူးက ရပ်ဆိုင်းခံခဲ့ရတယ်လို့ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးဟာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးရဲ့ အတွင်းရေးမှူးအနေနဲ့
မြန်မာသတင်း

ပဲခူးမြို့က ဝင်းနိမ္မိတာရုံဆရာတော်ကို PDF တွေ ပစ်ခတ်တာဆိုပြီး စစ်ကောင်စီဗြောင်လိမ်

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 21 Views
ဇွန်လ (၂၀)ရက်။ ပဲခူးမြိုက ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘန္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါလာတဲ့ကားကို စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့သာသနာရေးဘက်က သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဇွန်လ (၁၉)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကန်သုံးဆင့်ဆရာတော်နဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်တို့ဟာ ရန်ကုန်ကနေ လေယာဉ်နဲ့ မန္တလေး တံတားဦးလေဆိပ်ကို