၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး
မနေ့က နိုဝင်ဘာလ (၈) ရက်နေ့မှာ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ တအာင်းတပ်မတော် PSLF/TNLA ဆီကို လာရောက်လက်နက်ချခဲ့တယ်လို့ ဒီနေ့ PSLF/TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ် ကုန်စုံကျေးရွာမှာ စစ်ကောင်စီတပ် ရှေ့တန်းကနေ ထွက်ပြေးလာတဲ့ တပ်သား (၁) ဦး လက်နက်အပြည့်အစုံနဲ့ တအာင်းတပ်မတော် PSLF/TNLA ဆီကို နိုဝင်ဘာလ (၈) ရက်နေ့မှာ လာရောက်လက်နက်ချခဲ့ပါတယ်။
အဲ့ဒီတပ်သားဟာ မောင်ဘုံနံ၊ ကိုယ်ပိုင်အမှတ် – တ-၅၈၁၁၅၈၊ စ.က.ခ(၁၀) လက်အောက်ခံ၊ ခ.မ.ရ -၃၆၂ တပ်ရင်းကလို့ သိရပါတယ်။ ဒီစစ်ဆင်ရေးကာလမှာ စစ်မတိုက်လိုတဲ့အတွက် လာရောက်အညံ့ခံခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်သားကို ဘေးကင်းရာသို့ ပို့ဆောင်ခဲ့ပြီး၊ လမ်းစရိတ် (၁၅သိန်း) ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။