နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

1027 Operations

1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော

မတ်လ (၁၄)ရက်။

မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကွတ်ခိုင်မြိုမှာ MNDAA နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် TNLA ဘက်က ထုတ်ပြန်တာမှာတော့ ပြန်လည်ပစ်ခတ်ခဲ့တာမရှိဘဲ ခုခံကာကွယ်တာသာ ဆောင်ရွက်ခဲ့တယ်လို ဆိုပါတယ်။

TNLA အနေနဲ့ ကွတ်ခိုင်မြိုမှာ MNDAA က မြိုအနှံ CCTV တွေ တပ်ဆင်တာကို လိုက်လံဖြုတ်သိမ်းခဲ့တဲ့ ဖြစ်စဉ်သာ ရှိခဲ့ပြီး အဲ့ဒီပစ္စည်းတွေကို MNDAA ထံ ပြန်လည်အပ်နှံခဲ့တယ်လို ဖော်ပြထားပါတယ်။

အဲ့ဒီနောက်ပိုင်းမှာလဲ TNLA က ဘယ်လိုလှုပ်ရှားမှုမျိုးမှ မလုပ်တော့သလို အောက်ခြေအဆင့်တွေကို ကိုးကန့်တပ်ကို ထိခိုက်စေမယ့် လှုပ်ရှားတာတွေ မပြုလုပ်ဖို ညွှန်ကြားခဲ့ကာ တပ်ဖွဲဝင်တွေလဲ လိုက်နာခဲ့တယ်လို ရေးသားထားပါတယ်။

ဒါပေမယ့် ကိုးကန့်တပ်ကသာ ကွတ်ခိုင်-သိန္နီအစပ်ရှိ TNLA တပ်ဖွဲဝင်တွေနဲ့ မိုင်းယော်ဒေသရှိ တပ်ဖွဲဝင် (၆၇)ဦးကို ရိုက်နှင်ဖမ်းဆီးတာနဲ့ လက်နက် (၅၃)လက်တိုကို သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တယ်လို ထုတ်ပြန်ထား‌ပါတယ်။

TNLA ဟာ အခုဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို မိတ်ဖက်ပြဿနာလိုသာ သတ်မှတ်ဖြေရှင်းထားတဲ့အတွက် မဟာမိတ်အဖွဲက ထိုးစစ်ဆင်တိုက်ခိုက်လာပေမယ့် ပြန်လည်ပစ်ခတ်တာ မလုပ်ခဲ့ဘူးလို ‌ထည့်သွင်းပြောဆိုထားပါတယ်။

ကွတ်ခိုင်တိုက်ပွဲနဲ့ပတ်သက်ပြီး ကိုးကန့်တက်ဘက်ကတော့ TNLA ဟာ သိန္နီခရိုင်ထဲ တပ်ဖွဲတွေ စေလွှတ်ပြီး ထိန်းချုပ်နယ်မြေတွေ သိမ်းပိုက်ဖို ရည်ရွယ်ခဲ့တာလို ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ခရိုင်အုပ်ချုပ်ရေးဌာနတွေကို စီးနင်းတိုက်ခိုက်‌တာ၊ တပ်သားသစ် အဓမ္မစုဆောင်းတာ၊ လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်ဆောင်တာတွေကြောင့် ခဲခဲရင်းရင်း ကြိုးပမ်းဖော်ဆောင်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေ ပျက်စီးခဲ့ရတယ်လို ဆိုပါတယ်။

ဒါ့အပြင် နှစ်ဦးနှစ်ဖက်ရဲ့ ညီနောင်မဟာမိတ်ဆက်ဆံရေးလဲ လွန်စွာထိခိုက်ခဲ့ရသလို အရေးအခင်းဖြစ်ပြီး တလကျော်ကာလထဲ TNLA ဟာ ပြဿနာကို ဖြေရှင်းလိုတဲ့ ဆန္ဒမရှိခဲ့ဘူးလို ကိုးကန့်တပ်က ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ဖြစ်စဉ်ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို TNLA က အပြည့်အဝ တာဝန်ယူရမှာဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်ခံရတာတွေ ဖြစ်လာရင် အစွမ်းကုန် ခုခံကာကွယ်သွားမယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

သေဒဏ်အထိချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 36 Views
ဇွန်လ (၁၉)ရက်။ မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်စေဖို့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု‌နဲ့ ပြစ်ဒဏ်တွေကို ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
1027 Operations

စစ်ကော်မရှင်ငြိမ်းချမ်းရေးအဖွဲ့ မိုင်းလားမှာ NDAA ကို သွားတွေ့

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 42 Views
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ နိုင်ငံရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားတယ်လို့ NDAA ပြော ဇွန်လ (၁၉)ရက်။ ဇွန်လ (၁၇)ရက်နေ့က မိုင်းလားဒေသမှာ ရာပြည့် ဦးဆောင်တဲ့
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 1.29K Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတင်းမာတာတွေ ဖြစ်ပွားတဲ့ကာလထဲ အပြန်အလှန် ရိုက်နှက်တာကြောင့် နှစ်ဖက်
1027 Operations

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း (၅၀၀)ဦးကို MNDAA ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 292 Views
ဇန်နဝါရီလ (၂၆)ရက်။ တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၅၀၀)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို လူသားစာနာမှုအနေနဲ့ တရုတ်ပြက္ခဒိန်အရ မနေ့က တာကျောင်မဟာပူဇော်ပွဲ (၇)ရက်မြောက်နေ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ အခမ်းအနားမှာ
1027 Operations

“ ဝ” အနေနဲ့ ဘယ်လိုလက်နက်နဲ့ ကိရိယာကိုမှ ပံ့ပိုးတော့မှာမဟုတ်ဘူးဆိုပြီး MNDAA၊ TNLA၊ SSPP တို့နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 321 Views
ဩဂုတ်လ (၂၁)ရက်။ UWSA အနေနဲ့ MNDAA၊ TNLA နဲ့ SSPP စတဲ့ လက်နက်ကိုင်(၃)ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို MNDAA၊ TNLA နဲ့
1027 Operations

တအာင်းပြည်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၂၇)ဦးသေဆုံးပြီး (၈၂)ဦးထိခိုက်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 1.98K Views
ဩဂုတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ တအာင်းဒေသရှိ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ကြဲချပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတလတာထဲ
1027 Operations

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ကလေးငယ်တွေအပါအဝင် ပြည်သူ (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 1.25K Views
ဩဂုတ်လ (၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မိုးကုတ်မြို့အနောက်ပိုင်း လူနေရပ်ကွက်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မိုးကုတ်မြို့အနောက်ပိုင်း ဦးရွှေမောင်းဆိုင်ရှေ့ လမ်းပေါ်ကို လေကြောင်းကနေ ဗုံး(၂)လုံး ကြဲချသွားတာ။
1027 Operations

နောင်ချိုတိုက်ပွဲ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ဖို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 1.13K Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြဖို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလပိုင်းကစပြီး အခုလလယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ထဲနဲ့ အနီးရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့