၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။
တရုတ်နိုင်ငံအာဏာပိုင်များက အွန်လိုင်းလိမ်ညာမှုတွင် ပါဝင်ပတ်သက်နေသူ စစ်ကောင်စီ၏ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဥက္ကဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် (၁၀) ဦးကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ MNDAA ၏ သတင်းပြန်ကြားရေးတွင် ဖော်ပြထားပါသည်။ ဖမ်းမိနိုင်ရန် သတင်းပေးသူကို သတင်းပေးသူအား ယွမ် ၁ သိန်းမှ ၅ သိန်း ဆုကြေးချီးမြှင့်မည်ဟု ဖော်ပြထားသည်။
၁။ ဦးပယ်ဆောက်ချိန် (အသက် ၇၄ နှစ်)
၂။ ပယ်ရင့်ချန်(ခ)လီယွင်ချိန် (ဦးပယ်ဆောက်ချိန်၏သား)
၃။ ပယ်ရင့်လန်(ခ)လီမုန့်န (ဦးပယ်ဆောက်ချိန်၏သမီး)
၄။ ဦးဝိဟိုင်ရိန်(ခ)ဦးဝိစိုင်း
၅။ ဝိယုံ(ခ)ချိန်ယုံ (ဦးဝိစိုင်း၏တူမ)
၆။ ဝိချင်ရှုံး(ခ)ရန်ရှုံး (ဦးဝိစိုင်း၏သား)
၇။ ဦးလျှိုကျိမ့်ရှန်
၈။ လျှိုကျီကွမ်(ခ)လီဟွာကွမ် (ဦးလျှိုကျိမ့်ရှန်၏သား)
၉။ လျှိုကျိမ့်မောက်
၁၀။ ရွှီလောက်ဖာ(ခ)ရွှီဖာချီ