စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ထံကသိရသည်။ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်တွင် စစ်တပ်က မြောင်မြို့နယ်၊ ပန်းညိုရွာကို ဝင်ရောက် မီးရှို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်တပ် စစ်ကြောင်းသည် ပန်းညိုရွာကို ဇန်နဝါရီလ ၇ ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်သည်။ မီးရှို့ဖျက်ဆီး ခံရသည့်အတွက်ကြောင့် ဒေသခံ ပြည်သူများ နေအိမ် ဆုံးရှုံးမှုကို လတ်တလော အတည်မပြုနိုင်သေးပေ။ ထို့ပြင် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကိုလည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။
ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် စစ်ကြောင်းသည် ဒေသခံများ၏ ပစ္စည်းများကို ခိုးယူလာကြပြီး ဧရာဝတီမြစ်တဘက်ကမ်းသို့ ကူးရန်ပြင်နေစဥ် ဒေသခံကာကွယ်ရေး တပ်ပေါင်းစုများက အလစ်ဝင်တိုက်ခဲ့သဖြင့် ဒေသခံတို့၏ပစ္စည်းများ ပြန် လည် ရရှိခဲ့ကြောင်း သိရသည်။
MoeZ/Era’seye