စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ရွာကို အင်အား ၆၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က မတ်လ ၉ ရက်နေ့မှာ ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ရွာက နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မှော်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးနဲ့ လူဦးရေ ၁၂၀၀ လောက်နေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။
ရွာကို မီးရှို့ပြီးပြန်ထွက်လာတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့က ညနေပိုင်းမှာပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မတ်လ ၁၀ ရက်နေ့မှာတော့ ထီးချိုင့်မြို့နယ် ဇီးကုန်းရွာထဲမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။
Era’sEyes | Photo: Tigying Revolution | မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို တွေ့ရစဥ်။