တရုတ်အကူအညီနဲ့ စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေတိုးချဲ့ ဆောက်လုပ်နေတယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်နေချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ အဲဒီကျွန်းကို ရောက်ရှိလို့နေပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ ကိုကိုးကျွန်း ကိုမနေ့က ရောက်ရှိလာတယ်လို့ သိရပါတယ်။ခရီးစဉ်ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော် ပင်လယ်နှစ်ခု ဆုံမှတ်တည်ရာ ကျောက်တိုင် စိုက်ထူ တဲ့အခမ်းအနားတက်ရောက်တာလို့ သိရပါတယ်။
ယခင်ရက်တွေက အိန္ဒိယသတင်းတွေမှာ မြန်မာစစ်တပ်ဟာ ဘင်္ဂလားပင်လယ်အော်ထဲက မဟာဗျုဟာအရ အရေးပါတဲ့ ကိုကိုးကျွန်းပေါ်မှာ တရုတ်အကူအညီနဲ့ စစ်ဘက်ဆိုင်ရာအဆောက် အအုံတွေ တိုးချဲ့ ဆောက်လုပ်နေတယ်လို့ ဂြိုလ်တုဓာတ်ပုံတွေနဲ့ဖော်ပြကြတာတွေရှိလာပါတယ်။
တရုတ်အကူအညီနဲ့ ကျွန်းပေါ်မှာလေယာဉ်ပြေးလမ်း တစ်ခုကိုပါ တိုးချဲ့ဆောက်လုပ်ထားတယ်ဆိုတာကို ဂြိုလ်တုဓာတ်ပုံတွေအရ အတည်ပြုနိုင်ခဲ့တယ်လို့ Bloomberg သတင်းဌာန ကလည်းဖော်ပြထားပါတယ်။ အိန္ဒိယဘက်ကလည်း ကိုကိုးကျွန်းပေါ်မှာ တရုတ်အကူအညီနဲ့မြန်မာစစ်တပ်ဟာ ထောက်လှမ်းရေး စခန်း တည်ဆောက်နေတယ်လို့ စွပ်စွဲပါတယ်။
ကိုကိုးကျွန်းဟာ ရန်ကုန်တိုင်းထဲမှာပါဝင်ပြီး ရန်ကုန်မြို့ကနေ ရေမိုင်၂၆၀ ခန့် ကွာဝေးပါတယ်။
Era’sEye |Photo -CRD |Ref:InidiaNews, PPS