မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ညောင်အုပ်ကျေးရွာကို ဧပြီ (၉) ရက် ညနေပိုင်းမှာ စစ်ကောင်စီ ရဲ့ ဘီလူး စစ်ကြောင်းက ဝင်ရောက် စီးနင်းကာမီးရှို့ ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုမီးရှို့ခံရမှုကြောင့် နေအိမ် ၂၈လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ညောင်အုပ်ဒေသခံ တွေဆီကသိရပါတယ်။




ဧပြီလ ၅ရက် ကစ့ ဘီလူးစစ်ကြောင်းဟာ ရဟတ်ယာဥ်နဲ့ မြိုင်မြို့နယ် ညောင်အုပ်ရွာကို လာရောက် ချထားတဲ့ စစ်ကြောင်းနဲ့အတူ ကုန်းကြောင်းကရောက်လာတဲ့ စုစုပေါင်း အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကြောင်း တွေက ကျေးရွာတွေကိုအခုလို ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးတာတွေလုပ်ဆာင်နေတာဖြစ်တယ်လို့ ဒေသ ကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။Era’Eyes |Photo -CJ