နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

ဖက်ဒရယ်ဥပဒေအကယ်ဒမီက ပြုစုသော မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ် အဆိုပြုချက်။အပိုင်း (၅)

ဖက်ဒရယ်စနစ်အား နိုင်ငံတကာ ဥပဒေစိုးမိုးရေး အခြေခံမှနေ၍ အဘယ်ကြောင့်ချဉ်းကပ်သင့်သလဲ။လက်ရှိ အခြေအနေမှာ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေကြောင်း အပိုင်း(၁) တွင် တင်ပြခဲ့သည်။ စစ်ကောင်စီက တဘက်၊ စစ်ကောင်စီကို တိုက်ပွဲဝင်နေသည့် လူထုများနှင့်တော်လှန်ရေး အဖွဲ့အစည်းများက တဘက်၊ လတ်တလောတွင် တဘက်ဘက်က အပြတ်သာသည့်အခြေအနေကို မတွေ့ ရ။ ချိန်ခွင်လျှာညီသည့် အခြေအနေဖြစ်နေခြင်းကြောင့်ပင်။ ယင်းသို့သော အခြေအနေတွင် မိမိဘက်က လုံး၀ အလေးသာလာပြီး (အချိန်လွန်မင်းစွာ မကြာမြင့်စေဘဲ) စစ်ကောင်စီကို အပြတ်ချေမှုန်းနိုင်အောင် မည်ကဲ့သို့စီစဉ်ချမှတ်ဆောင်ရွက်သင့်သနည်း။ ယင်းမှာ မဟာဗျူဟာမြောက် မေးခွန်းဖြစ်လာသည်။


ယင်းမေးခွန်း၏ အဖြေကို ရနိုင်ရန်မှာ စစ်ရေးနည်းလမ်းနှင့် ငြိမ်းချမ်းစွာဖော်ဆောင်သည့် အခြားနည်းလမ်းတို့အား ၂၅% နှင့် ၇၅% အချိုးချသည့် အခြေခံမှနေ၍ သုံးသပ်ရမည်ဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူ နိုင်ငံတကာ ပညာရှင်တဦး၏ ထောက်ပြချက်ကို လက်ခံသင့်ကြပါသည်။ ဆိုလိုသည်မှာ စစ်ရေးနည်းလမ်းအား ၂၅% နှင့် ငြိမ်းချမ်းစွာဖော်ဆောင်သည့် အခြားနည်းလမ်းများအား ၇၅% အချိုးဖြင့် လှုပ်ရှားဆန့်ကျင် တိုက်ပွဲဝင်ရန်ဖြစ်သည်။ လောလောဆယ်တွင် ယင်းနှင့် ပြောင်းပြန်ဖြစ်နေသည်။ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့်ဘက်တွင် စစ်ရေးက ၇၅% ဖြစ်နေသည်။

ငြိမ်းချမ်းစွာဖော်ဆောင်သည့် အခြားနည်းလမ်းတို့က ၂၅%မျှသာ ရှိသည်။ ဝန်နှင့် အားမမျှဖြစ်နေသည်။ စစ်ရေးသည် မနိုင်ဝန်ကို ထမ်းနေရသည်။ သို့ဖြစ်၍ ထိထိရောက်ရောက်ရှေ့ကို မတက်နိုင်သောကြောင့် အထက်အပိုဒ် တွင် ထောက်ပြခဲ့သည့်အတိုင်း ချိန်ခွင်ရှာညီနေသည့်အနေအထားကို ရောက်နေရခြင်းဖြစ်သည်။ ချိန်ခွင်ရှာ ညီနေသည့်အနေအထားအား တော်လှန်ရေးဘက်က လုံးဝအပြတ်အားသာ လာစေရန် မည်ကဲ့သို့ချဉ်းကပ်ဆောင်ရွက်မည်နည်း။


သဘောအားဖြင့် ချိန်ခွင်ခွက်တခု၏ ဘက်တဘက်ကို တပိဿာ အလေးထည့်လိုက်သည့်အခါ ယင်းဘက်သို့ ချိန်ခွင်လျှာက လုံးဝထိုးဆင်းပြီး ချိန်ခွင်သည် တစောင်းကြီးဖြစ်နေသည်။ အခြားဘက် တဘက်၏ ချိန်ခွင်အလွတ်ထဲသို့ တဆယ်ကျပ်သားစီ အလေးချိန်ရှိသည့် လိမ္မော်သီးတလုံးစီ ကို တဖြေးဖြေးစတင်ထည့်လိုက်ပြီဆိုကြပါစို့။ ချိန်ခွင်လျှာသည် လိမ္မော်သီးရှိရာချိန်ခွင်ဘက် သို့ တဖြည်းဖြည်းဦးတည်လာသည်။ တလုံးပြီးတလုံးဆက်ထည့်ရာ ၁၀လုံးရောက်သည့် အချိန်၌ လိမ္မော်သီး ချိန်ခွင်ခွက် တွင်လည်း တပိသာ အလေးချိန်ရှိလာသည်။ ထိုအခါ ချိန်ခွင်၏ ဘက်နှစ်ဘက်လုံးသည် တပြေးညီဖြစ်
သွားပြီး ချိန်ခွင်လျှာသည် အလည်ခေါင်တည့်တည့်၌ ရှိနေသည်။

အကယ်၍ နောက်ထပ် ၁၀ ကျပ်သားမျှသာ အလေးချိန်ရှိသည့် လိမ္မော်သီးတလုံးအား ထပ်ထည့်လိုက်ရုံမျှနှင့် လိမ္မောသီးရှိရာ ချိန်ခွင်ခွက်ဘက်တွင် လုံး၀ အလေးသာပြီး ဇောက်ထိုးဖြစ်သွားပါလိမ့်မည်။ မဟာဗျူဟာအရ အရေးပါသည့် ခြေလှမ်း
တခုအား ၁၁ လုံးမြောက်ထည့်လိုက်သည့် လိမ္မော်သီးအနေဖြင့် စဉ်းစားကြပါစို့။ အဆိုပါခြေလှမ်းသည် အဘယ်နည်း။ ယင်းခြေလှမ်းသည် ငြိမ်းချမ်းစွာဖော်ဆောင်သည့် ၇၅% ၏ ဝင်ရိုးဖြစ်ရပါမည်။


ယင်းခြေလှမ်းမှာ ဥပဒေစိုးမိုးရေးအခြေခံမှနေ၍ မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်စနစ်အား စစ်ကောင်စီကို ဆန့်ကျင်ရပ်တည်သည့် နိုင်ငံရေးစစ်ရေးအင်အားစုများ အတွင်းသာမက၊ တိုင်းရင်းသားပေါင်းစုံ လူထုကြီး တရပ်လုံးအတွင်း ကျယ်ကျယ်ပြန့်ပြန့်အမြင်ဖလှယ်ကာ ရှာဖွေခြင်းဖြစ်ပါမည်။ ယင်းကို မဟာဗျူဟာမြောက်ဆွေးနွေးမှု အနေဖြင့် ဖော်ဆောင်ရန်လိုအပ်လာသည်။ စစ်ကောင်စီမှ လွဲ၍ ကျန်အင်အားစုများ (အားလုံးမဟုတ်စေဦး) က နည်းလမ်းပေါင်းစုံဖြင့် ပါဝင်တက်ရောက် တင်ပြ ဆွေးနွေးခွင့်အား ဖွင့်ပေးရန်၊ စည်းရုံးဖိတ်ခေါ်ရန်၊ ၎င်းအဖွဲ့အစည်းများအနေဖြင့်သက်ဆိုင်ရာ တိုင်းရင်းသားလူထုများ၊ ပြည်နယ်သားများ၏ သဘောဆန္ဒကို ခံယူကာဆွေးနွေးညှိနိုင်းကြရန်နှင့် မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဖက်ဒရယ်စနစ်အား အချင်းချင်းအပြန်အလှန်လေးစားမှုအခြေခံတွင် သက်ဆိုင်ရာပြည်နယ်များ အသီးသီးရှိ နိုင်ငံရေး စစ်ရေးအင်အားစုများအတွင်း သဘောတူညီချက်များထွက်လာနိုင်သည်အထိ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် ဖြစ်သည်။ ယင်းသို့ဖြင့်ငြိမ်းချမ်းစွာ ဖော်ဆောင်ရန်လိုအပ်သည့် ၇၅% အား ဝင်ရိုးကြီးအနေဖြင့် စတင်မောင်းနှင်ပါလိမ့်မည်။

အထက်ပါလုပ်ငန်းစဉ်အား အနှောက်အယှက်ပြုနေသည့် နိုင်ငံတကာ အနေအထား နှစ်ခု ရှိသည်။ပထမတခုမှာ မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ အာဆီယံက ချမှတ်ကျင့်သုံးနေသော အပြုသဘောဆောင်သည့် ဆက်ဆံဆောင်ရွက်မှု ဖြစ်သည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် အပြုသဘောဆောင်သည့်ဆက်ဆံရေးမူ ဟူသည်မှာ ရှင်းလင်းတိကျ ပြတ်သားမှုမရှိ။ ယင်းမှာ မည်သည့်အရာဖြစ်ကြောင်း အဆိုပါမူကို ချမှတ်သည့် အာဆီယံခေါင်းဆောင်များ ကိုယ်တိုင် အဓိပ္ပာယ်ရှင်းအောင် မဖွင့်ဆိုနိုင်ကြ။ အပြုသဘောဆောင်သည့် ဆက်ဆံရေးဟူသည်မှာ စစ်ကောင်စီတဘက်၊ ၎င်းကို တော်လှန်တိုက်ပွဲဝင်နေသည့် အခြားနိုင်ငံရေး စစ်ရေးအင်အားစုများတို့ က တဘက် ပါဝင်ဆွေးနွေးပွဲမျိုးပေါ်ပေါက်လာရေးအား ဦးတည်ကာ ဆက်ဆံသွားမည့် အနေအထားမျိုးသာဖြစ်ပါမည်။ စစ်ကောင်စီဘက်က ယင်းကို လက်ခံမည်ဆိုပါက အာဆီယံက ပေးအပ်မည့် အကူအညီ များအား စစ်ကောင်စီမှ တဆင့် စီးဆင်းမည့်အနေအထား ဖြစ်သွားနိုင်သည်။ အဆိုပါ နှစ်ခုလုံးမှာ စစ်ကောင်စီ
ရေရှည်ရပ်တည်ရှင်သန်ရေးအား များစွာအကျိုးပြုသွားနိုင်သည်။

ဦးအောင်ထူး (ကျောင်းအုပ်၊ ဖက်ဒရယ် ဥပဒေအကယ်ဒမီ) ၂၀၂၃ ခုနှစ် ဧပြီလ (၃၀) ရက်

သို့ဖြစ်၍ အာဆီယံ၏ အဆိုပါမူဝါဒသည် နိုင်ငံတကာဥပဒေ စံထားချက်ကို ဆန့်ကျင်လျက်ရှိသည်။ အာဆီယံအနေဖြင့် ယနေ့အထိ တနှစ်ခွဲမျှ အချိန်အတွင်း မည်သည့်အရာမျှအောင်မြင်အောင်လုပ်နိုင်ခြင်းမရှိခဲ့။ နိုင်ငံတကာဥပဒေစိုးမိုးရေးအခြေခံတွင် ရှင်းလင်းသည့် မူဝါဒ ချမှတ်ကျင့်သုံးနိုင်ခြင်းမရှိသမျှ ရှေ့ကိုလည်း ထိထိရောက်ရောက် အောင်မြင်စွာ ဖော်ဆောင်နိုင်မည့် အခြေအနေမရှိ။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ရန် ဖိအားပေးရုံမျှလောက်ဖြင့် ရပ်သွားမည်ဖြစ်သည်။ လွှတ်ပြီးလျင်လည်း စစ်ကောင်စီ မကြိုက်သည့် အချိန်ပြန်ဖမ်းပါဦးမည်။ အာဆီယံ၏ ယင်းသို့မရေမရာ ဆောင်ရွက်နေမှုအပေါ်တွင် ပြည်တွင်းအင်အားစုများသည်လည်း ရှင်းရှင်းလင်းလင်း ရပ်တည်မှုမရှိကြပါ။


လက်ရှိတွင် တော်လှန်ရေးအင်အားစုဘက်မှလည်း တပြည်လုံးကို လွှမ်းခြုံစေလျက် ဥပဒေအရ၊ နိုင်ငံရေးအရ စုစည်းညီညွတ်မှုကို တည်ဆောက်နိုင်ခြင်းမရှိသေးကြောင်း သုံးသပ်ရပါသည်။ ထိုသို့ မတည်ဆောက်နိုင်သည့်အတွက် နိုင်ငံတကာကလည်း တော်လှန်ဆန့်ကျင်နေကြသည့် အင်အားစုများ ဘက်ကို ရှင်းရှင်းလင်းလင်း ရပ်တည်မှုမရှိသေး။ တရားဝင်အသိအမှတ်ပြုမှု မရှိသေး။ အဘယ့်ကြောင့် တပြည်လုံးလွှမ်းခြုံသည့် စုစည်းညီညွတ်မှု မတည်ဆောက်နိင်သေးသနည်း။ မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဖက်ဒရယ်စနစ်ဟူသည့်အပေါ် ရှင်းရှင်းလင်းလင်း သိမြင်၊ လက်ခံ၊ သဘောတူညီနိုင်ခြင်း မရှိသေးသောကြောင့်ပင်။ ဖက်ဒရယ်စနစ်၏ ပထမဦးဆုံး အသွင်လက္ခဏာမှာ သီးခြားဖြစ်နေသည့်နိုင်ငံ သို့မဟုတ် ပြည်နယ် သို့မဟုတ် နိုင်ငံရေးစုဖွဲ့မှုကြီးတွေကို ဆက်စပ်လွှမ်းခြုံမှုရှိသည့် နိုင်ငံရေးစနစ်တခုအတွင်းမှာ တစုတစည်းတည်း ဖြစ်အောင်ပေါင်းစည်းပေးခြင်းသည် ဖြစ်သည်။


လက်ရှိတွင် တော်လှန်ရေးအင်အားစု အဖွဲ့အသီးသီးအနေဖြင့် ကိုယ်လုပ်ကိုင်နိုင်မှုရှိသည့် အကန့်အသတ်ဘောင် အတွင်း ကနေသာ ကိုယ့်အဖွဲ့နှင့်ကိုယ် (သို့မဟုတ်) ကိုယ်နှင့်နီးစပ်သည့် အဖွဲ့အစည်းတချို့မျှနှင့် စုစည်းကာ တိုက်ပွဲဝင်နေကြသည်။ တပြည်လုံးကို ဆက်စပ်လွှမ်းခြုံမှုရှိသော နိုင်ငံရေးဘောင် တခု အောက်သို့ စုစည်းစွာ ရောက်နိုင်ရန်ကြိုးပမ်းမှုမှာ အားနည်း၊ ကြုံလှီလွန်းလှသည်။ ယင်းသို့သော ပြည်တွင်း အခြေအနေ နှင့် နိုင်ငံတကာက မြန်မာနိုင်ငံအရေးကို ချဉ်းကပ်လှုပ်ရှားမှုတို့မှာ အပြန်အလှန်ဆက်စပ်မှုရှိသည်။ ပြည်တွင်းတော်လှန်ရေးအင်အားစုဘက် မှ အားသာချက်/အားနည်းချက် တို့ က နိုင်ငံတကာ၏ ချဉ်းကပ်မှုကို ရိုက်ခတ်မှုရှိသလို နိုင်ငံတကာ၏ ချဉ်းကပ်မှုကလည်း ပြည်တွင်းတော်လှန်ရေးအင်အားစု ကို ပြန်ရိုက်ခတ်မှုရှိသည်။

ဆိုလိုသည်မှာ ပြည်တွင်းတော်လှန်ရေး အင်အားစုများအနေဖြင့် ဥပဒေစိုးမိုးရေးအခြေခံတွင် မြန်မာ နိုင်ငံနှင့်သင့်တော် သည့် ဖက်ဒရယ်စနစ်ကို ကိုင်စွဲလျက် ဆက်စပ်လွှမ်းခြုံမှုရှိသော နိုင်ငံရေးဘောင်အောက် သို့ပြည်နယ်များအား လုံးပါဝင်လာအောင် မစုစည်းနိုင်ခဲ့။ ထိုအခါ အထက်တွင် ဆွေးနွေးခဲ့သည့်အတိုင်း အာဆီယံက စစ်ကောင်စီနှင့်အပြု သဘောဆောင်သည့် ဆက်ဆံမှု လမ်းကြောင်းကို တင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ အလားတူပင်၂၀၂၂ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် နိပွန်ဖောင်ဒေးရှင်း က လူသားချင်းစာနာမှု အရ အပစ်အခတ်ရပ်စဲရေး ဟူသည့်ခေါင်းစဉ်တပ်ပြီး ရခိုင့်တပ်တော် AA နှင့် စစ်ကောင်စီ အပစ်ရပ်စဲရေး လုပ်ဆောင်လာစေရန် ကမကထပြုလာခဲ့သည်။ အလားတူပုံစံမျိုးကို တခြားပြည်နယ်များမှာလည်း နိပွန်
ဖောင်ဒေးရှင်း က ဆက်လက်တိုးချဲ့ လုပ်ဆောင်လာနိုင်သည်။ ယင်းအခြေအနေများပေါ်ပေါက်လာ၇ခြင်းမှာ ပြည်တွင်းတော်လှန်ရေး အင်အားစုများက ဖက်ဒရယ်စနစ်အခြေခံတွင် ဆက်စပ်လွှမ်းခြုံမှုရှိသော နိုင်ငံရေး ဘောင်အောက်သို့ပြည် နယ်များ အားလုံးပါဝင်လာအောင် မစုစည်းနိုင်ခြင်းကြောင့်ဖြစ်သည်။

သုတေသနပြုသူ
ဦးအောင်ထူး (ကျောင်းအုပ်၊ ဖက်ဒရယ် ဥပဒေအကယ်ဒမီ) ၂၀၂၃ ခုနှစ် ဧပြီလ (၃၀) ရက်

(စစ်ကိုင်းတိုင်းအတွင်းရှိ လူထုများနှင့် PDFs များအကြား ပုံနှိပ် ဖြန့်ဝေလျက်ရှိသော တူမီး စာစောင်တွင် ဖော်ပြခဲ့ပြီး
ဖြစ်သည့် တင်ပြချက်များအား အများပြည်သူပို၍ ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ရန် အချိန်ကာလ ပြောင်းလဲ
တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ နှစ်ပတ်တကြိမ် ဆက်လက်တင်ဆက်သွားရန် ရည်ရွယ်ပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း

ကျရှုံးနိုင်ငံ ဘာကြောင့် ဖြစ်လာရသလဲ။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 23 Views
အထူးဆောင်းပါး။ ဆောင်းပါးရှင် မြားနတ်မောင် မျှဝေပါသည်။ မြန်မာနိုင်ငံကျဆုံးနိုင်ငံဖြစ်လာရတာ စစ်တပ်က မိမိအလုပ်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးကို အာရုံမစိုက်ခဲ့ဘဲ စစ်ခေါင်းဆောင်အဆက်ဆက် တိုင်းပြည်ကို လက်ပြောင်း
ဆောင်းပါးများ နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံက အကျင့်ပျက် ဗုဒ္ဓဘာသာဘုန်းကြီးဆိုးများ

  • 2024 ခုနှစ်၊ ဩဂုတ်လ 27 ရက်
  • 44 Views
သတင်းဆောင်းပါး ABC ဗီဒီယိုသတင်းက နိုင်ငံခြားသတင်းထောက် Foreign Correspondent- Lauren Day က တင်ပြခဲ့တဲ့ Sex, drugs,
ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 258 Views
‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။ အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့် LORI HINNANT တို့မှ ၂၀၂၂ခုနှစ် သြဂုတ် ၁၀ရက်နေ့ တွင်ရေးသားသည့် ‘The
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

စစ်နိုင်အောင်တိုက်ဖို့ ဘာတွေလိုနေလဲ။

  • 2024 ခုနှစ်၊ မတ်လ 22 ရက်
  • 167 Views
ခေတ်မျက်လုံးရဲ့ အတွေးအမြင် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအပတ်မှာတော့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို့က စစ်နိုင်အောင် မတိုက်တဲ့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတဲ့ ဆိုးကျိုး ထွက်လာနေပြီ၊။ အဲ့ဒီအတွက် ပြည်တွင်းက မိဘတွေ၊ လူငယ်တွေ အနိုင်ကျင့်ခံနေတယ်။
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

ခေတ်မျက်လုံးရဲ့ တွေ့ဆုံမေးမြန်း အစီအစဉ်

  • 2024 ခုနှစ်၊ မတ်လ 4 ရက်
  • 123 Views
ခေတ်မျက်လုံးရဲ့ တွေ့ဆုံမေးမြန်း အစီအစဉ်ကနေ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား လိုအပ်ချက်တွေ၊ အားနည်းချက်နဲ့ အားသာချက်တွေကို တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့်နဲ့ ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်းဦးထွန်းအောင်ကျော်တို့က သူတို့ရဲ့ပုဂ္ဂိကအမြင်တွေကို တွေ့ဆုံဆွေးနွေးထားတာကို တင်ဆက်သွားမှာပါ။၊ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကနေ လူငယ်လူရွယ်တွေအပေါ် ဂယက်ရိုက်ခတ်နေမှုကို ဘယ်လို ကျော်လွှားလုပ်ဆောင်သင့်တယ်ဆိုတဲ့ သူတို့ရဲ့
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ်ကို စစ်တိုက်ဖို့ ကြိုးစားနေပါတယ်။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 164 Views
ဖေဖော်ဝါရီလ (၂၄) ရက်နေ့ထုတ် Dhaka Tribune တွင်ပါရှိသည့် RAB DG: Myanmar trying to wage war against Bangladesh ကို ဘာသာပြန်ထားပါသည်။ ခြေမြန်လှုပ်ရှားမှုတပ် (Rapid Action
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

ဦးခွန်းမတ်ရ်ကိုဘန် – တော်လှန်ရေးမှာ ဖက်ဒရယ်မူကြမ်း ဘာကြောင့်လိုအပ်သလဲ။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 234 Views
ဦးခွန်းမတ်ရ်ကိုဘန်ဟာ ၁၉၉၀ ရွေးကောက်ပွဲ အတွေ့အကြုံတွေကနေ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ဖက်ဒရယ်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖက်ဒရယ်ဥပဒေ ဒုတိယမူကြမ်းကို ဦးဆောင်ရေးဆွဲခဲ့သူလည်း ဖြစ်ပါတယ်။ CRPP ဖွဲ့စဉ်က တိုင်းရင်းသားများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲခဲ့ကြပြီး နောက်ပိုင်းတိုင်းရင်းသားတွေက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 254 Views
ခရီးစထွက်ပြီဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။ လမ်းပြအဖြစ် တာဝန်ယူပေးမယ့် ကိုအောင်မြင့်မြတ် စီစဉ်ပေးတဲ့ကားနဲ့ အူဆာဂီ၊ ငြိမ်းချမ်းနဲ့ ကျနော်တို့ အိုက်ဇောကနေ