နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

PDF များ အလင်းဝင်ပါက လက်နက်အမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းအထိ ပေးမည် ဟု စစ်ကောင်စီက ထုတ်ပြန်လာ

ပြည်သူ့ကာကွယ်ရေးတပ်များ အလင်းဝင်ပါက လက်နက်အမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းအထိ ပေးသွားမယ်လို့ ဟု စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

ချီးမြှင့်မည့် ငွေကြေးမှာ ရိုင်ဖယ်အုပ်စုဝင်အမျိုးအစားဖြစ်ပါက ကျပ် သိန်း ၅၀ ၊ပစ္စတိုတစ်လက် ကျပ် သိန်း ၂၀၊ ပြောင်းချောသေ နတ်တစ်လက် ကျပ်သိန်း ၃၀၊ လက်လုပ်သေနတ်၊ စိန်ပြောင်းများ ဖြစ်ပါက ကျပ် ငါးသိန်း၊ အာပီဂျီ စိန်ပြောင်းများ ဖြစ်ပါက ကျပ် ၇၅ သိန်း၊ လက်လုပ်မိုင်း လက်ပစ်ဗုံးများဖြစ်ပါက ကျပ်သုံးသိန်း၊ဒရုန်းတစင်း ကျပ်သိန်း ၅၀၊ စကားပြောစက်အသုံးအဆောင်ဖြစ် ပါက ကျပ် နှစ်သိန်း ပေးအပ်မည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အဲဒီလို လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာသူများမှာ ရာဇဝတ်မှုကျူးလွန်သူများပါဝင်ပါကလည်း ဖြေလျော့ပေးခြင်းများလည်း ပြုလုပ်မည်ဟု အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်လာတာကို တွေ့ရပါတယ်။

ယခင်က အလင်းဝင်ပါက ပြစ်မှုမကျုးလွန်သူများကို လက်ခံသည်ဟုကြေညာရာ လက်နက်ချသူ မရှိသဖြင့်
ယခုအခါ ငွေကြေးများ၊ ပြစ်ဒဏ်လျော့ပေါ့ပေးခြင်းများဖြင့်ပါ စစ်ကောင်စီက ဆွဲဆောင်လာတာလည်း ဖြစ်ပါတယ်။

Era’sEyes | Photo – CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် အသွားအလာ ကန့်သတ်မယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 0 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုဝင်ဘာလ (၂၆)ရက်နေ့ကစပြီး ထိန်းချုပ်စိုးမိုးထားတဲ့ ဒေသတွေမှာ ယာယီ သွားလာတာတွေ စတင်ကန့်သတ်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်ကုန် လှည်းကူးမြို့မှာ ညမထွက်ရအမိန့် စစ်ကောင်စီ အချိန်ထပ်တိုးထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 2 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့ကစပြီး ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့်ကို အချိန်ထပ်တိုး ထုတ်ပြန်ထားတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
1027 Operations မြန်မာသတင်း

စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 2 Views
နိုဝင်ဘာလ (၂၅)ရက်။ နှစ်ဖက်စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်လို့ TNLA ရဲ့ ဒီ‌ကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းဒေသတိုက်ပွဲထဲ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ခံစားရတဲ့ ပြည်သူတွေကို ငဲ့ညာထောက်ထားတာ၊ အပစ်ရပ်ဖို့ ကြိုးစားနေတဲ့ တရုတ်အစိုးရရဲ့
မြန်မာသတင်း

မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာအားလုံးနီးပါး စစ်ဘေးရှောင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 2 Views
နိုဝင်ဘာလ (၂၅)ရက်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မတ္တရာမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ စကစက လေကြောင်းတွေ လက်နက်ကြီးတွေနဲ့ ရွာတွေထဲဝင်ပြီး မီးရှို့နေတာဆိုတော့ မတ္တရာအနောက်ခြမ်းက ရွာတွေအကုန်လုံးနီးပါး စစ်ဘေးရှောင်နေရတာ။ အရပ်သား
မြန်မာသတင်း

ကရင်နီဒေသထဲ စစ်ကောင်စီကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 10 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်း သေဆုံးပြီး (၃၃၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုနှစ်ထဲမှာ စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး
မြန်မာသတင်း

ထားဝယ်ခရိုင်ထဲက PDF တပ်ရင်းနဲ့ ပကဖတွေပူးပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 4 Views
နိုဝင်ဘာလ (၂၅)ရက်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ PDF တပ်ရင်းအချို့နဲ့ မြို့နယ်ပကဖတွေ ‌ပူးပေါင်းကာ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်းတို့အပါအဝင် ထားဝယ်၊
မြန်မာသတင်း

ရုရှားကပေးပို့တဲ့ စာနာမှုအကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်လာပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 6 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရုရှားနိုင်ငံကပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ဖို့အတွက် ရုရှားနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ်
မြန်မာသတင်း

လက်နက်ကိုင်ဖြေရှင်းနေရင် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 9 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေရင် လွတ်လပ်ပေမယ့် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း အပြန်အလှန် လေးစားတာ၊ နားလည်စာနာတာတို့နဲ့ တစ်ဦးနဲ့တစ်ဦးကြား