နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြဝတီမြို့အနီး တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့


ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေပြီး အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင်လ ၁၀ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်ခန့်ကစပြီး မြဝတီမြို့ရှိ လက်ခတ်တောင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်ပူးပေါင်းတပ်တို့အကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“နေ့လည် ၂နာရီဝန်းကျင်မှာ မိမိတို့ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ မြဝတီမြို့ လက်ခတ်တောင်အနီးမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ရန်သူဘက်က ထိခိုက်သေဆုံးမှုကိုတော့ စိစစ်ဆဲဖြစ်ပြီး အများပြည်သူပို့သတဲ့ မေတ္တာကြောင့် မိမိတို့ဘက်က တစုံတရာ ထိခိုက်မှုမရှိခဲ့ပါဘူး”လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြဝတီမြို လက်ခတ်တောင်နောက်ကျောရှိ  အမိုးကုန်းနဲ့ ဂုံးညှင်းနွယ်ကုန်းနေရာတွေမှာ စစ်ကောင်စီလက်အောက်ခံ တပ်မ(၄၄)စစ်ကြောင်းနဲ့ Cobra စစ်ကြောင်းမှူး စောဒါဘော ဦးဆောင်တဲ့ KNLAနှင့် PDF အင်အား ၃၀၀ တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေက ဆိုထားပါတယ်။

မြဝတီမြို့အနီးမှာ ဇူလိုင်လ ၅ရက်ကစပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကာ ဇူလိုင်လ ၁၀ရက်နေ့ ညပိုင်းအချိန်အထိ လက်နက်ကြီးပစ်ခတ်သံများ ကြားခဲ့ရသလို ယနေ့ နံနက်ပိုင်းမှာလည်း ပစ်ခတ်သံအချို့ ကြားနေရတယ်လို့ ဒေသခံများရဲ့ ပြောဆိုချက်များအရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သာပေါင်းမြို့နယ်စခန်းမှူး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီးသေဆုံး၊ ပစ်ခတ်ခံရတာကြောင့် ရဲနဲ့နယ်ထိန်းတွေ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 1 Views
ဇန်နဝါရီလ (၂၉)ရက်။ မနေ့က ညနေပိုင်းက လူမှုကူညီရေးအဖွဲ့ကားနဲ့ ရိက္ခာသွားပို့တဲ့ သာပေါင်းမြို့နယ်စခန်းမှူး ရဲမှူး ဝင်းနိုင်ဦး စနိုက်ဘာကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်နိုင်ငံက အလိုရှိနေသည့် ထိုင်းနိုင်ငံက ဖမ်းဆီးထားသည့် လောင်းကစားသူဌေးကြီးကို ညှင်းပန်းနှိပ်စက်သည်ဟု စွပ်စွဲမှုကို ထိုင်းအစိုးရ ငြင်းဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 1 Views
ဇန်နဝါရီလ (၂၈) ရက်။ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခံထားရသည့် အရှေ့တောင်အာရှတွင် တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် လောင်းကစားသူဌေးကြီးတစ်ဦးအားထိုင်းနိုင်ငံတွင်
မြန်မာသတင်း

သာစည်ရွာ ရဲစခန်းကထွက်လာတဲ့ ပျူစောထီးနဲ့ ရဲတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 1 Views
ဇန်နဝါရီလ (၂၉)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က မုံရွာမြို့ သာစည်ရွာ ရဲစခန်းကထွက်လာတဲ့ ပျုစောထီးနဲ့ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(ADPRA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သာစည်ရွာ ရဲစခန်းကနေထွက်လာတဲ့ စကစလက်အောက်ခံ ပျုစောထီးတွေနဲ့
မြန်မာသတင်း

ပျက်စီးနေတဲ့ ပသုံးလုံးကို လူထုရွေးချယ်တာနဲ့ ပြန်ဖွဲ့ဖို့ YDF ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 1 Views
ဇန်နဝါရီလ (၂၉)ရက်။ ပျက်စီးနေတဲ့ ပသုံးလုံးအဖွဲ့တွေကို အချိန်မလွန်ခင် လူထုရွေးချယ်တာနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အချိန်ကျပြီလို့ ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ YDF အနေနဲ့ ကျေးရွာ၊ မြို့နယ်အဆင့်ဆင့်မှာ အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းရာ အောက်ခြေကျေးရွာအဆင့်ကစပြီး ပြည်သူတွေ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ခမရ(၅၃၁)တပ်က အရာခံဗိုလ်တစ်ဦး လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 4 Views
ဇန်နဝါရီလ (၂၉)ရက်။ ဇန်နဝါရီလ (၂၇)ရက်နေ့က ဖရူဆိုအခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၃၁)တပ်က အရာခံဗိုလ်တစ်ဦး လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘက်ပြောင်းခိုလှုံလာတဲ့ အရာခံဗိုလ်က စစ်မှုထမ်းလုပ်သက် နှစ်(၄၀)ကျော်ရှိပြီ။
မြန်မာသတင်း

အမျိုးသမီးစစ်မှုထမ်းဖို့ စာရင်းကောက်နေတာကို စစ်ကောင်စီငြင်းဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 8 Views
ဇန်နဝါရီလ (၂၉)ရက်။ အမျိုးသမီးတွေ စစ်မှုထမ်းဆောင်ဖို့ စာရင်းတွေကောက်ယူနေတယ်ဆိုတာဟာ သတင်းအမှားတွေဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ငြင်းဆိုထားချက်အရ သိရပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာ အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စာရင်းကောက်နေတယ်လို့ ရေးသားနေကြတာဟာ ကောလာဟလဖြစ်ပြီး အခုအချိန်အထိ စာရင်းကောက်တာမရှိသေးဘူးလို့ ဆိုပါတယ်။ အရင်ကထဲက
မြန်မာသတင်း

ရန်ကုန်မြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဆန့်ကျင်သရော်တဲ့ လှုပ်ရှားမှုတရပ်ပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 2 Views
ဇန်နဝါရီလ (၂၉)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ပူးပေါင်းပြီး အကြမ်းဖက်တာတွေကို ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို သရော်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ပူးပေါင်းပြီး အကြမ်းဖက်တာတွေကို ထောက်ခံအားပေးနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို
မြန်မာသတင်း

မြင်းခြံမြို့ ဆင်းဂွတ်ရွာ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 7 Views
ဇန်နဝါရီလ (၂၉)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက် (၇)နာရီ (၅၀)မိနစ်အချိန်က မြင်းခြံမြို့ ဆင်းဂွတ်ရွာ တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဆင်းဂွတ်ရွာအနောက်ပိုင်းရှိ စာသင်ကျောင်းနဲ့ လူနေအိမ်တွေအပါအဝင် လမ်းသွားလမ်းလာတွေကို