နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖယ်ဒရယ်ရေးအတွက် အင်အားစုတွေ စုစည်းလာပြီဟု NUG ဆို

မြန်မာ့နိုင်ငံရေး အခင်းအကျဉ်းဟာ အခုချိန်မှာဆိုရင် ဖယ်ဒရယ်ရေးအတွက် အင်အားစုတွေက စိတ်ဆန္ဒ ထက်သန်ပြင်းပြနေတဲ့အတွက် နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေး သဘောတူညီချက် ဘုံရည်မှန်းချက်တွေမှာ စုစည်းလာပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလ ကပြောကြားလိုက်ပါတယ်။

ပြည်သူထံသို့ သတင်းစကားဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြီးတော့ ပြောဆိုလိုက်တာပါ။

“ လက်ရှိအချိန်မှာ ဖက်ဒရယ်ရေးအတွက် အားလုံးသော အင်အားစုတွေဟာ စိတ်ဆန္ဒဇော ထက်သန်ပြင်းပြမှု ရှိတယ်ဆိုတဲ့အချက်ဟာ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးဘုံသဘောတူညီချက်၊ နိုင်ငံရေးဘုံရည်မှန်းချက်မှာ အားလုံး စုစည်းလာကြတယ်ဆိုတာကို အထင်အရှားပြနေတာ ဖြစ်ပါတယ်” လို့ ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောဆိုခဲ့ပါတယ်။

ပြည်တွင်း အင်အားစုတွေအနေနဲ့ လက်ရှိ NUG နဲ့ ချိတ်ဆက်ထားတဲ့ အဖွဲ့အစည်းတွေ ရှိသလို မချိတ်ဆက်ဘဲနဲ့ မိမိတို့ ရပ်တည်ချက်အတိုင်း တော်လှန်ရေး လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။

NUG နဲ့ ချိတ်ဆက်ထားပေမယ့်လည်း ထောက်ပံ့ရေး အပြည့်အဝ မရရှိသေးတဲ့ အင်အားစုတွေက အများအပြား ရှိနေသလို မချိတ်ဆက်ထားတဲ့ အဖွဲ့အစည်းတွေနဲ့က နှစ်ဖက်ကြားမှာလည်း အငြင်းပွါးမှုတွေ အယူအဆ ကွဲလွဲမှုတွေကလည်း ရှိနေပါသေးတယ်။

Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 21 Views
အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို ဒီဇင်ဘာလ (၉)ရက်။ NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ
မြန်မာသတင်း

ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားအနီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 22 Views
ဒီဇင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေလူကူးတံတားအအနီးမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်ထံက သိရပါတယ်။
မြန်မာသတင်း

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးနှင့် တိုဟိုကုဒေသများတွင် အင်အား မဂ္ဂနီကျူ ၇ ဒဿမ ၆ ပြင်းအားရှိသော ငလျင်လှုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 30 Views
ဒီဇင်ဘာလ (၈) ရက်။ အရေးပေါ်သတင်း။ ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ဟိုကိုင်းဒိုး (Hokkaido) နှင့် တိုဟိုကု (Tohoku) ဒေသများတွင် မဂ္ဂနီကျူ ၇ ဒဿမ
မြန်မာသတင်း

စစ်ကောင်စီနဲ့ အပစ်ရပ်ရေးထိုးတာ တော်လှန်ရေးကို မထိခိုက်စေဘဲ ခရီးဆုံးအထိ ဆက်လျှောက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 27 Views
ဒီဇင်ဘာလ (၈)ရက်။ စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး ရေးထိုးတာဟာ တော်လှန်ရေးပန်းတိုင်နဲ့ မျှော်မှန်းချက်ကို ထိခိုက်မှာမဟုတ်ဘူးလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ ရေးထိုးထားပေမယ့် ခရီးလမ်းဆုံးတံ့အထိ ဆက်လျှောက်လှမ်းနေမှာဖြစ်တယ်လို့
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ခန်းမ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲ (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 25 Views
ဒီဇင်ဘာလ (၈)ရက်။ ဒီဇင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က မြောက်ဥက္ကလာပမြို့နယ်ခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို လက်လုပ်မိုင်း၊ နာနတ်သီးတွေနဲ့ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ လုံခြုံရေးယူထားတဲ့ ရဲခွေးတွေ
မြန်မာသတင်း

ဂွအခြေစိုက် ခမရ(၅၆၃)က စစ်တပ်ဘက်က ဒုတပ်ကြပ်အပါအဝင် (၄)ဦး ဘက်ပြောင်းလာတယ်လို့ PRA-Magway ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 31 Views
ဒီဇင်ညာလ (၈)ရက်။ အမ်း-ပဒန်းလမ်းပိုင်းရှိ ဇင်ပြွန်းရွာအနီးမှာ စစ်တပ်ရဲ့ ဒုတပ်ကြပ်အပါအဝင် တပ်ဖွဲ့ဝင် (၄)ဦး ပြည်သူ့ဘက်ကူးပြောင်းလာခဲ့တယ်လို့ PRA-Magway ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ တပ်ဖွဲ့ဝင် (၄)ဦးဟာ ဂွမြို့အခြေစိုက် ခမရ(၅၆၃) လက်အောက်ခံတပ်ရင်းကဖြစ်ပြီး
မြန်မာသတင်း

NUG အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 24 Views
ဒီဇင်ဘာလ (၈)ရက်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ CRPH ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အစိုးရအဖွဲ့ကို ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူရဲ့ ဒီမိုကရေစီနည်းကျ အပ်နှင်းထားတဲ့ အာဏာကို ကျင့်သုံးပြီး ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 24 Views
ဒီဇင်ဘာလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ နှစ်နိုင်ငံကုန်သွယ်ရေးတွေ ပြန်လည်ကောင်းမွန်ဖို့ နယ်စပ်‌ဒေသတည်ငြိမ်ရေး