နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့် ဤနည်းလမ်းကို အသုံးပြုရန် ဥပဒေပြုအမတ်များက အကြိမ်ကြိမ် အရိပ်အမြွက် ပြောဆိုခဲ့ဖူးသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် လွှတ်တော်အဆောက်အအုံ တိုက်ခိုက် ခံရမှုအပြီးတွင် ဒေါ်နယ်ထရမ့်၏ အစိုးရ အဖွဲ့ဝင်များသည် ဤနည်းလမ်းကို အသုံးပြုရန် အစပိုင်းတွင် လူအများ ထင်မှတ် ထားသည် ထက် ပိုမိုလေးလေးနက်နက် ဆွေးနွေးခဲ့ကြပုံရသည်။

ထရမ့်ကို ရာထူးမှ အောင်မြင်စွာ ဖယ်ရှားနိုင်ရန်အတွက် ၎င်း၏ အစိုးရအဖွဲ့ဝင်အများစုနှင့် ဒုတိယသမ္မတတို့၏ ထောက်ခံမှု လိုအပ်မည်ဖြစ်သည်။ လောလောဆယ်တွင် အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးတစ်ယောက်မျှ ထိုသို့လုပ်ဆောင်ရန် စဉ်းစားနေသည့် အရိပ်အယောင်မရှိ သလို၊ ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကလည်း သဘောတူမည့်အခြေအနေ မရှိပေ။

သို့သော်လည်း အီရန်ဘက်က သဘောတူညီချက်တစ်ရပ် မရယူပါက “ယဉ်ကျေးမှုတစ်ရပ်လုံး ယနေ့ညတွင် ပျက်သုဉ်းသွားလိမ့်မည်” ဟူသော အင်္ဂါနေ့နံနက်က ထရမ့်၏ မှတ်ချက်စကား ကြောင့် — အဖွဲ့အစည်းပေါင်းစုံမှ အသံအမျိုးမျိုး ထွက်ပေါ်လာကာ — အဆိုပါ ပြင်ဆင်ချက် ကို ကျင့်သုံးရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။

အီရန်အတွက် သတ်မှတ်ထားသည့် ည ၈ နာရီ နောက်ဆုံးအချိန် မတိုင်မီ နှစ်နာရီအလိုတွင် ထရမ့်က တီဟီရန်အနေဖြင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ဖွင့်ပေးရန် ဟူသော ကတိကဝတ်ဖြင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း ကြေညာခဲ့သည်။

ဒီမိုကရက်တစ် ဥပဒေပြုအမတ်များနှင့် လက်ယာယိမ်း ပြောဆိုသူများသည် အီရန်စစ်ပွဲတွင် သမ္မတအနေဖြင့် မည်မျှအထိ လွန်လွန်ကဲကဲ လုပ်ဆောင်တော့မည်နည်းဆိုသည်ကို ပြီးခဲ့သည့် ၂၄ နာရီအတွင်း စိုးရိမ်တကြီး ဖော်ပြခဲ့ကြသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အခြားသော အရပ်ဘက် အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟူသော ၎င်း၏ ခြိမ်းခြောက်မှုများကို စစ်ရာဇဝတ်မှုများအဖြစ် ရှုတ်ချခြင်း ခံခဲ့ရပြီး၊ အချို့ကမူ အစိုးရအဖွဲ့၏ ခြိမ်းခြောက်မှုများသည် နျူကလီးယားလက်နက် အသုံးပြုနိုင်ခြေကို ရည်ညွှန်းနေသည်ဟု စိုးရိမ်ခဲ့ကြသည် (အိမ်ဖြူတော်ကမူ ထိုသို့စဉ်းစားခြင်း မရှိကြောင်း ငြင်းဆိုထားသည်)။

အဆိုပါ ပြင်ဆင်ချက်ကို ကျင့်သုံးရန် အဓိက တောင်းဆိုနေသူများမှာ ဒီမိုကရက်များဖြစ်ပြီး လူပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသည်။ ၎င်းတို့ထဲတွင် အနာဂတ်တွင် သမ္မတလောင်း ဖြစ်လာ နိုင်ဖွယ် ရှိသည့် အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေဘီ ပရစ်ဇ်ကာ (J.B. Pritzker) ကဲ့သို့ ပုဂ္ဂိုလ်များလည်း ပါဝင်သည်။ (အမှန်စင်စစ် ၎င်းတို့တွင် လောလောဆယ်၌ ရာထူးမှ ဖယ်ရှားရေး လုပ်ငန်းစဉ်ကို စတင်ရန် လုပ်ပိုင်ခွင့် လုံးဝမရှိသလောက်ပင် ဖြစ်သည်။)

သို့သော်လည်း မှတ်သားစရာကောင်းသည်မှာ အချို့သော ကွန်ဆာဗေးတစ်ဝါဒီများနှင့် မကြာသေးမီက ထရမ့်၏ မဟာမိတ်ဖြစ်ခဲ့သူများပါ ဤတောင်းဆိုမှုတွင် ပါဝင်လာခြင်း ဖြစ်သည်။

“သူ့ကို ဖွဲ့စည်းပုံပြင်ဆင်ချက် ၂၅ နဲ့ ဘယ်လို ဖယ်ရှားကြမလဲ” ဟု လှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီ သမား အဲလက်စ် ဂျုန်းစ် (conspiracy theorist Alex Jones) က တနင်္လာနေ့ အစီအစဉ်တွင် ၎င်း၏ ဧည့်သည်ကို မေးခွန်းထုတ်ခဲ့သည်။

အင်္ဂါနေ့နံနက်ပိုင်းသို့ ရောက်သောအခါ၊ ဤခြေလှမ်းကို ထောက်ခံသည့် လက်ယာယိမ်း သမားများထဲတွင် အစွန်းရောက် သြဇာရှိသူများမှသည် ထရမ့်လက်ထက် အိမ်ဖြူတော် အရာရှိဟောင်း အန်သိုနီ စကာရာမူချီ (Anthony Scaramucci) နှင့်  ထရမ့်ကို ဆန့်ကျင်သူ အလယ်အလတ်သမားတဦးဖြစ်သည့် (Never Trumpers) အထိ ပါဝင်လာခဲ့သည်။

“ပြင်ဆင်ချက် ၂၅!!!” ဟု ဂျော်ဂျီယာပြည်နယ် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်း မာဂျိုရီ တေလာ ဂရင်း (Marjorie Taylor Greene) က အီရန်နိုင်ငံ ပျက်သုဉ်းသွားတော့မည် ဟူသော ထရမ့်၏ ပို့စ်တင်ပြီး တစ်နာရီခန့်အကြာတွင် X (ယခင် Twitter) ၌ ရေးသားခဲ့သည်။ သူမက ယင်းကို “မကောင်းဆိုးဝါးဆန်ပြီး ရူးသွပ်မှု” ဟု ခေါ်ဆိုခဲ့သည်။

ကွန်ဂရက်လွှတ်တော်မှ ဒီမိုကရက်အချို့က ဂရင်း၏ စကားများကို ပြန်လည်မျှဝေခဲ့ကြသည်။

“ပြင်ဆင်ချက် ၂၅ ကို ကျင့်သုံးဖို့ လိုအပ်နေပြီ” ဟု လက်ယာယိမ်း ပေါ့ကတ်စ်ထုတ်လွှင့်သူ ကန်းဒေ့စ် အိုဝင်စ် (Candace Owens) ကလည်း ထိုနေ့ နံနက်ပိုင်းတွင် ထပ်မံပြောဆိုခဲ့သည်။

ထရမ့်၏ ပထမသက်တမ်းအတွင်း ဆက်သွယ်ရေး ညွှန်ကြားရေးမှူးအဖြစ် ခေတ္တ တာဝန် ထမ်းဆောင်ခဲ့သူ စကာရာမူချီက ထရမ့်ကို ရာထူးမှ ဖယ်ရှားရန် တိုက်တွန်းခဲ့ပြီး ထရမ့်သည် နျူကလီးယားစစ်ပွဲ ဆင်နွှဲရန် ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

“သတိထားကြပါ – သူက နျူကလီးယား တိုက်ခိုက်မှုလုပ်ဖို့ တောင်းဆိုနေတာ။ သူ့ကို ချက်ချင်း ရာထူးက ဖယ်ရှားဖို့ ကြိုးစားကြပါ” ဟု စကာရာမူချီက ပြောကြားခဲ့သည်။

အင်္ဂါနေ့နံနက်ပိုင်းတွင် ထရမ့်က နျူကလီးယား တိုက်ခိုက်မှုကို အမိန့်ပေးနိုင်သည်ဟု ဗန့်စ်က အရိပ်အမြွက် ပြောကြားခဲ့ကြောင်း အွန်လိုင်းတွင် ထွက်ပေါ်လာချိန်၌ အိမ်ဖြူတော်ကမူ ၎င်းသည် ထိုကဲ့သို့ ပြောဆိုခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

ဒုတိယသမ္မတက “ကျွန်တော်တို့မှာ အသုံးမပြုရသေးတဲ့ လက်နက်ကိရိယာတွေ (tools in our toolkit) အများကြီး ရှိပါသေးတယ်” ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

New York Times ပင်တိုင်ဆောင်းပါးရှင် ဒေးဗစ် ဖရန့်ချ် (David French) ကဲ့သို့ ထရမ့်ကို အစဉ်တစိုက် ဆန့်ကျင်သည့် ကွန်ဆာဗေးတစ်အချို့ကလည်း ပြင်ဆင်ချက် ၂၅ အတွက် တောင်းဆိုနေကြသည်။

“ဒါက ပြင်ဆင်ချက် ၂၅ ကို သုံးရမယ့် အခြေအနေမျိုးဆိုတာ သိသာနေပါတယ်။ ဒါပေမဲ့ လူတွေက ထုံထိုင်းနေကြလို့ ဒါကို မမြင်နိုင်ကြတော့တာ” ဟု ဖရန့်ချ်က ပြောသည်။

အချို့ကမူ ထိုမျှအထိ မပြောသော်လည်း ထရမ့်၏ ရည်ရွယ်ချက်များအပေါ် စိုးရိမ်မှု အသစ်များ စတင်မြင့်တက်လာခဲ့သည်။

၎င်းတို့ထဲတွင် ထရမ့်၏ မဟာမိတ်ဟောင်း တစ်ဦးဖြစ်သူ တပ်ကာ ကာလ်ဆင် (Tucker Carlson) လည်း ပါဝင်သည်။ ၎င်းသည် တနင်္လာနေ့ အစီအစဉ်တွင် ထရမ့်ကို ယခင်ကနှင့် မတူအောင် ဝေဖန်ခဲ့သည်။ Fox News တင်ဆက်သူဟောင်းဖြစ်သူ ကာလ်ဆင်က ထရမ့်သည် အီရန်ရှိ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ပြီး လူအမြောက်အမြား သေကျေစေမည့် “စစ်ရာဇဝတ်မှု၊ ကိုယ်ကျင့်တရားဆိုင်ရာ ရာဇဝတ်မှု” ကို ကျူးလွန်ရန် ခြိမ်းခြောက်နေသည် ဟု ပြောဆိုခဲ့ပြီး ထရမ့်သည် ခရစ်တော်ကို ဆန့်ကျင်သူ (antichrist) ဖြစ်နိုင်သည်ဟုပင် အရိပ်အမြွက် ပြောဆိုသွားခဲ့သည်။

ထို့အပြင် အင်္ဂါနေ့၌ပင် ကွန်ဂရက်တွင် ထရမ့်၏ သစ္စာရှိ မဟာမိတ်ဖြစ်ခဲ့သူ ဝစ္စကွန်းဆင် ပြည်နယ်မှ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ရွန် ဂျွန်ဆင် (Ron Johnson) က Wall Street Journal သို့ ပြောကြားရာတွင် အခြေခံအဆောက်အအုံကဲ့သို့သော “အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်မယ်ဆိုရင် ထရမ့်ကို ကျွန်တော် ထောက်ခံတော့မှာ မဟုတ်ဘူး” ဟု ဆိုသည်။ ဂျွန်ဆင်က ထိုသို့သော တိုက်ခိုက်မှုများသည် အမှန်တကယ်ပင် တရားမဝင်ကြောင်း အရိပ်အမြွက် ပြသခဲ့သည်။

ဤအချက်များက ပြင်ဆင်ချက် ၂၅ ကို ချက်ချင်း ကျင့်သုံးတော့မည်ဟု မဆိုလိုပါ။ ဤပြင်ဆင်ချက်ကို ကျင့်သုံးရန်မှာ ခက်ခဲလှပြီး ထရမ့်နှင့် အနီးကပ်ဆုံးသူများက ၎င်းသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်တော့ကြောင်း ဆုံးဖြတ်ရန်နှင့် ၎င်း၏ ဆန္ဒကို ဆန့်ကျင်၍ ရာထူးမှ ဖယ်ရှားရန် ရွေးချယ်ရမည်ဖြစ်သည်။ ဗန့်စ်သည် အင်္ဂါနေ့တွင် ဟန်ဂေရီနိုင်ငံသို့ ရောက်ရှိနေပြီး သမ္မတက နိုင်ငံရေး လူထုစည်းဝေးပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားနိုင်ရန် ၎င်းက ဖုန်းဖြင့် ချိတ်ဆက်ပေးခဲ့သည်။

သို့သော်လည်း ယခင်က ထရမ့်၏ မဟာမိတ်ဖြစ်ခဲ့သူများနှင့် ဒီမိုကရက်များထံမှ ထွက်ပေါ် လာသည့် ဤကဲ့သို့သော ကန့်ကွက်မှုများသည် အရေးပါသည့် လက္ခဏာတစ်ရပ်ဖြစ်သည်။ ထရမ့်အနေဖြင့် စစ်ပွဲအတွင်း နောက်ထပ်လုပ်ဆောင်မည့် ခြေလှမ်းများကို ဂရုတစိုက် စဉ်းစားသင့်သည်ဟု ၎င်းတို့က သတိပေးနေပုံရသည်။

လက်ရှိ အခြေအနေကို ပြန်လည်သုံးသပ်ကြည့်ရန်လည်း ထိုက်တန်ပါသည်။

ထရမ့်၏ ပထမသက်တမ်းအတွင်း ဤကိစ္စ ပေါ်ပေါက်လာစဉ်က ဒီမိုကရက်များကသာ အဓိက ပြောဆိုခဲ့ကြသည်။ ဇန်နဝါရီ ၆ ရက်နောက်ပိုင်းတွင် ၎င်း၏ အစိုးရအဖွဲ့ဝင်အချို့ စဉ်းစားခဲ့ကြစဉ်ကလည်း တိတ်တဆိတ်သာ လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့ မည်မျှအထိ လေးလေးနက်နက် စဉ်းစားခဲ့သည်ကို လူအများက နောက်ပိုင်းကျမှသာ သိရှိခဲ့ရသည်။

ယနေ့တွင်မူ၊ မကြာသေးမီက ထရမ့်၏ မဟာမိတ်ဖြစ်ခဲ့သူ အချို့ပင်လျှင် ၎င်းလုပ်ဆောင်မည့် အရာများကို အလွန်အမင်း ကြောက်လန့်နေကြသဖြင့် ၎င်းကို ရာထူးမှ ဖယ်ရှားရန် လူသိရှင်ကြား တောင်းဆိုလာကြပြီ ဖြစ်သည်။

တနင်္လာနေ့တွင် ကျင်းပသည့် အိမ်ဖြူတော် အီစတာဥပဒေပွဲတော် (White House Easter Egg Roll) ကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်က တောင်ဘက်မျက်နှာစာမြက်ခင်းပြင်တွင် သတင်းထောက်များနှင့် စကားပြောဆိုနေစဉ်။

(ဓာတ်ပုံ – Tom Williams/CQ-Roll Call, Inc./Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 85 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက