နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

Myanmar Politics

Myanmar Politics

လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ် လက်လုပ် (၄၀) မမနဲ့ ပစ်ခတ်ခံရ

စက်တင်ဘာလ (၁၀)ရက် နေ့လယ် (၁)နာရီခန့်က ကြို့ပင်ကောက်မြို့နယ်မှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို (၄၀)မမနဲ့ ပစ်ခတ်ခဲ့တယ်လို့ Dragon Brother (GBK-PDF)ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
“ ကုန်းရွာနဲ့ ညောင်ပင်အိုင်ရွာကြားမှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးနေတဲ့ စခ စစ်ကြောင်းကို Dragon Brother (GBK-PDF) က လက်လုပ် (၄၀) မမနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး ကင်းပုန်းဝပ်နေတဲ့ စခတွေနဲ့လည်း အပြန်အလှန် ပစ်ခတ်ခဲ့ရပါတယ်” လို့ Dragon Brother (GBK-PDF) က ဆိုထားပါတယ်။


ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဘက်က (၃) ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပြီး နာရေးကား (၃) စီးနဲ့ သယ်ဆောင်သွားကြတဲ့အတွက် စစ်ကောင်စီတပ်ဘက်က (၃) ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကုန်းရွာဘုန်းကြီးကျောင်းမှာ အထိုင်ချပြီး အချို့မှာ ကွင်းချောင်းအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ ရှိတယ်လို့ သိရှိရကြောင်း ရေးသားထားပါတယ်။
အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးပန်းတိုင်က အချိန်နဲ့အမျှ နီးကပ်လာပြီဖြစ်တာကြောင့် အကြမ်းဖက်စစ်တပ်ဒေါက်တိုင်တွေ၊ ၎င်းတို့ရဲ့ ခြေကုပ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို အစွမ်းကုန်တိုက်ခိုက်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Burma Myanmar Politics

(၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေ ပြန်လည်ရွေးနုတ်လိုပါက ခွင့်ပြုမယ်လို့ NUG ပြော

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 941 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ (၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေကို ပြန်လည်ရွေးနုတ်လိုပါက စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လည်ရွေးနုတ်ခွင့်ပြုသွားမယ်လို့
Myanmar Politics

နှစ်နိုင်ငံဒီမိုကရေစီအရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့ NUG နဲ့ လစ်သူရေးနီးယားလွှတ်တော်အမတ်တွေ ဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 930 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ နှစ်နိုင်ငံ ဒီမိုကရေစီအရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ဖို့ NUG ဝန်ကြီး
1027 Operations Myanmar Politics

စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ထပ်မံကျင်းပ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 1.06K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို စစ်ကောင်စီက မနေ့ (နိုဝင်ဘာ ၈ ရက်) က နေပြည်တော်မှာ ထပ်မံပြုလုပ်လိုက်ပါတယ်။ အာဏာသိမ်းကာလအတွင်း
Myanmar Politics မြန်မာသတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားမယ်လို့ NLD ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 975 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။ ပြည်သူနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ NLD က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၈)ရက်နေ့ဟာ
Myanmar Politics

(၂၆) ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG တို့တွေ့ဆုံကာ မြန်မာအရေးဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 969 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ နိုဝင်ဘာလ (၂)ရက်နေ့က (၂၆)ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတရုံး
1027 Operations Myanmar Politics ပြည်တွင်း အနုပညာ

ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနုပညာရှင်တွေ သွားရောက်ဖျော်ဖြေဖို့ ဆွေးနွေးညှိနှိုင်း

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 1.02K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေဖို့ ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)
1027 Operations Myanmar Politics

ညီနောင်မဟာမိတ် (၃) ဖွဲ့ ကျေးဇူးတင်ကြောင်း ထုတ်ပြန်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 1.02K Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်၊ ခေတ်မျက်လုံး။ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြတဲ့ မြန်မာပြည်သူလူထု
Myanmar Politics

၁၀၂၇ စစ်ဆင်ရေး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ (၅) စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း (၁) ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 882 Views
၁၀၂၇ စစ်ဆင်ရေး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ (၅) စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း (၁) ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိ သိန္နီ၊ အောက်တိုဘာ ၃၀ ရက် ၁၀၂၇ စစ်ဆင်ရေးအောက်မှာ တအာင်းပြည်နယ်၊ တပ်မဟာ (၅)