နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

Burma

Burma Myanmar Politics

(၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေ ပြန်လည်ရွေးနုတ်လိုပါက ခွင့်ပြုမယ်လို့ NUG ပြော

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။

(၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေကို ပြန်လည်ရွေးနုတ်လိုပါက စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လည်ရွေးနုတ်ခွင့်ပြုသွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။

“အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ် ဝယ်ကြစို့”ကြွေးကြော်သံနဲ့ ငွေတိုက်စာချုပ်တွေကို (၂၀၂၁)ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ကစတင်ပြီး ရောင်းချခဲ့ကာ အခုနှစ် ဒီဇင်ဘာ (၁)ရက်နေ့မှာ (၂)နှစ်သက်တမ်းစေ့တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

ငွေတိုက်စာချုပ်တွေရဲ့ (၂)နှစ်သက်တမ်းပြည့်တော့မှာကို စာချုပ်ပါရက်စွဲနဲ့ တိုက်ဆိုင်စစ်ဆေး သိရှိနိုင်မှာဖြစ်ပြီး သက်တမ်းစေ့တဲ့ ငွေတိုက်စာချုပ်တွေကို NUG အနေနဲ့ ပြန်လည်ရွေးနုတ်ခွင့်ပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် (၂)နှစ်သက်တမ်းစေ့ပေမယ့် ပြန်လည်ရွေးနုတ်ရန် အစီအစဉ်မရှိသေးတဲ့ ဝယ်ယူထားသူတွေအတွက် ထပ်မံသက်တမ်းတိုးတာနဲ့ NUG ရောင်းချနေတဲ့ မြေကွက်၊ တိုက်ခန်းနဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေအဖြစ် ပြောင်းလဲသတ်မှတ်ပေးမယ်လို့ ပြောဆိုထားပါတယ်။

အတိုးမဲ့ငွေတိုက်စာချုပ်တွေကို ဝယ်ယူရင်းနှီးမြှုပ်နှံထားကြတဲ့ တော်လှန်ပြည်သူ တဦးချင်း၊ တယောက်ချင်းစီကို NUG အနေနဲ့ ဦးညွှတ်ဂုဏ်ပြုကာ ဆက်လက် ထောက်ကူ အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Burma Civil War စစ်ရေးသတင်း

ရွှေကျင်မြိုနယ်၊ ကျားချောင်းရွာအနီးရှိ တောင်ခြေရင်းစခန်းတစ်ခုကို KNLA, BPLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 704 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ဒီနေ့
1027 Operations Burma မြန်မာ့နိုင်ငံရေး

စစ်ရှိန်မြှင့်တင်နေတဲ့ကာလ ချင်းပြည်နယ်မှာ အကူအညီပေးနိုင်ရေး ICNCC နဲ့ အစည်းအဝေးပြုလုပ်ခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 593 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ မြန်မာနိုင်ငံအနှံ့ စစ်ရှိန်မြှင့်တင်နေတဲ့ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သားထိခိုက်မှု လျှော့ချရေးနဲ့ လူသားချင်းစာနာမှုအကူအညီများ
1027 Operations Burma Civil War

ညီနောင် (၃) ဖွဲ့ရဲ့ သတင်းပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 603 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ တရားဝင်သတင်းနဲ့ ပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ ညီနောင် (၃) ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုသည်မှာ သတင်းအမှားသာဖြစ်တယ်လို့ ထီးချိုင့်မြို့ပြည်သူ့ကာကွယ်ရေး သတင်းထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 688 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုတာ သတင်းအမှားသာ ဖြစ်တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ထီးချိုင့်မြို့ပေါ်အား တိုက်လေယာဉ်နဲ့
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ ပစ်ခတ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 817 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ နိုဝင်ဘာလ (၉)ရက် ညပိုင်းနဲ့ ဒီကနေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

မွန်ပြည်နယ် ဘုရားသုံးဆူအောက်မှာရှိတဲ့ ချောင်းနှစ်ခွရွာကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 709 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ဒီနေ့မနက်အစောပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာကို သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ လေကြောင်းကနေ (၇) နှစ်ကြိမ်
1027 Operations Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 710 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို နိုဝင်ဘာလ (၈) ရက်နေ့ မနက်ပိုင်းကစပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်း အသုံးပြုတိုက်ခိုက်နေတယ်လို့
1027 Operations Burma Civil War

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် တအာင်းတပ်မတော် PSLF/TNLA ထံ လက်နက်ချ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 1.11K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး မနေ့က နိုဝင်ဘာလ (၈) ရက်နေ့မှာ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ တအာင်းတပ်မတော် PSLF/TNLA ဆီကို လာရောက်လက်နက်ချခဲ့တယ်လို့ ဒီနေ့ PSLF/TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ