နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီဥက္ကဋ္ဌ ရှမ်းမြောက်ကို သွားရောက် – နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံး ရရှိရေးကို လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဆို

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနေ့က ဒီဇင်ဘာလ (၁၀) ရက်နေ့မှာသွားရောက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

သူနဲ့အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တို့လည်း ပါဝင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရာရှိ၊ စစ်သည်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သွားရောက် ကြည့်ရှုအားပေး စကားပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လားရှိးမြို၊ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်မှာရောက်ရှိနေတဲ့ စစ်ဘေးရှောင်ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံခဲ့စဉ် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံး ရရှိရေးကို လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ စစ်စခန်းပေါင်း ၂၀၀ ကျော်နဲ့ မြို့တချို့ လက်လွှတ်ဆုံးရှုံးထားရပြီးတဲ့နောက်ပိုင်း ရှမ်းမြောက်ဒေသ အဓိကစစ်တိုင်းဌာနချုပ်ရှိရာကို စစ်ကောင်စီဥက္ကဋ္ဌ ပထမဆုံးအကြိမ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသမှာတော့ လားရှိုး၊ မူဆယ်နဲ့ လောက်ကိုင်မြို့တွေကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားပါတယ်။ လောက်ကိုင်မြို့ပတ်ဝန်းကျင်က စစ်ကောင်စီစခန်းတွေကို MNDAA က သိမ်းပိုက်ထားပြီး လောက်ကိုင်ကို အချိန်မရွေး သိမ်းပိုက်နိုင်ကြောင်း MNDAA က ပြောကြားထားပါတယ်။

ဒီရက်ပိုင်းမှာပဲ လောက်ကိုင်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဟောင်းပယ်ဆောက်ချိန် အပါအဝင် (၁၀) ဦးကို တရုတ်နိုင်ငံဘက်ကနေ အွန်လိုင်းလိမ်ညာမှုရာဇဝတ်လုပ်ငန်းတွေအတွက် ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးနိုင်သူကို ယွမ် ၁ သိန်းမှ ၅ သိန်းအထိ ဆုကြေးချီးမြှင့်မယ်လို့ ပြောထားပါတယ်။

ပယ်ဆောက်ချိန်ဟာ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ် MNDAA ကို တိုက်ထုတ်ရာမှာ မြန်မာစစ်တပ်နဲ့ မဟာမိတ်လုပ်ခဲ့တဲ့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

ကိုးကန့်ဒေသမှာ သိပ်မကြာခင်အချိန်မှာ ဖုန်မိသားစု အာဏာပြန်လည်တည်ဆောက်နိုင်တော့မလားဆိုတာကို မကြာခင်အချိန်မှာ သိမြင်ရတော့မယ်လို့ ဒေသတွင်းကျွမ်းကျင်သူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ နောက်ဆုံးရရှိထားသော အချက်အလက်များအရ အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ (Operation Epic Fury) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 5 Views
နိုင်ငံခြားသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ (၃)ရက် လက်ရှိ စစ်ရေးအခြေအနေနှင့် အဓိကဖြစ်ရပ်များ အဓိကတိုက်ခိုက်မှု စတင်ခြင်း (ဖေဖော်ဝါရီ ၂၈ရက်) အမေရိကန်နှင့်
မြန်မာသတင်း

ဖောင်းပြင်မြို့မှာ စစ်ကော်မရှင်စခန်းက တပ်ကြပ်တဦး မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းထံ အလင်းဝင်

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 6 Views
မတ်လ (၃)ရက်။ ဖောင်းပြင်မြို့ အင်းဝိုင်းလမ်းဆုံရှိ စစ်ကော်မရှင်စခန်းက တပ်ကြပ်အဆင့်ရှိသူတဦး အလင်းဝင်လာခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 12 Views
‌မတ်လ (၃)ရက်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲသပ်လျှိုဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေတယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလို စစ်ကောင်စီတပ်ဟာ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးချပြီး သတင်းတု၊
မြန်မာသတင်း

အကျဉ်းသား/သူ (၂၉)ဦးကို KNU လွတ်ငြိမ်းခွင့်ပြုခဲ့

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 20 Views
‌မတ်လ (၂)ရက်။ ခလယ်လွီထူခရိုင်ထောင်က အကျဉ်းသူ (၅)ဦးနဲ့ အကျဉ်းသား (၂၄)ဦးကို KNU က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်လွီထူခရိုင် ထောင်က KNU ဥက္ကဋ္ဌရဲ့ အမိန့်နဲ့ ကော်သူးလေ
မြန်မာသတင်း

ြည်သူယုံကြည်မှု ပျက်ယွင်းရင် တော်လှန်ရေးဆက်လုပ်လို မလွယ်ဘူးလို NUG ယာယီသမ္မတပြော

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 26 Views
မတ်လ (၂)ရက်။ ပြည်သူယုံကြည်မှု ပျက်ယွင်းရင် တေယ်လှန်ရေးဆက်လုပ်လို မလွယ်ကူနိုင်ဘူးလို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ ကျွန်တော်တိုအနေနဲ့ လူထုယုံကြည်မှု/ပြည်သူ့ယုံကြည်မှုဟာ အသက်ဖြစ်ပါတယ်။ ပြည်သူ့ယုံကြည်မှု ပျက်ယွင်းသွားရင်၊
မြန်မာသတင်း

အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ခံရတဲ့ အကျဉ်းသား/သူ (၇၀၀၀)ကျော်ကို စစ်ကော်မရှင် ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 24 Views
မတ်လ (၁)ရက်။ အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၇၃၃၇)ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းအမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က လွတ်ငြိမ်းမိန့်နဲ့ ပြန်လွှတ်ပေးတဲ့သူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ၅၂(က)တိုနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့
မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 31 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က အချက်အလက်များနဲ့ထောက်ပြပြီး ပြတ်ပြတ်သားသား နျူဂျီ ဦးဆောင်မှုနဲ့ တော်လှန်ရေးမအောင်မြင်နိုင်ကြောင်းကိုဝေဖန်ဆွေနွေးသွားကြမှာဖြစ်ပါတယ်၊ တော်လှန်ရေးအောင်မြင်လိုသူများအားလုံးသိသင့်သိထိုက်တာတွေသိပြီး
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေနဲ့ စစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၂၁)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလဲ