နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆားလင်းကြီး MRA စခန်း စီးနင်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ MRA စခန်းကို စစ်ကောင်စီတပ်က စီးနင်း မီးရှို့ခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုစီးနင်းချိန်မှာ စခန်းတွင်း ချိန်ကိုက်မိုင်းထိပြီး စစ်ကောင်စီဘက်ကတဉီးသေဆုံးခဲ့တာကြောင့် MRA စခန်းကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမီးရှို့ဖျက်ဆီးမှုကြောင့် ကျပ်သိန်း ၂၀၀ ဖိုးခန့်ဆုံးရှုံးခဲ့ရတယ်လို့ Myanmar Revolution Army – MRA က ထုတ်ပြန်ထားပါတယ်။

Photo – MRA \မီးလောင်ကျွမ်းနေသော MRA စခန်းအား တွေ့ရစဥ်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဖိုလ်ဝင်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုးနေတဲ့ အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်း ဟာ MRA စခန်းကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟ, MRA ရဲဘော်များစခန်းအတွင်း ထောင်ထားခဲ့တဲ့ နင်းမိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ် ။ ဒီလိုတိုက်ခိုက်ခံရပြီးမှာ စခန်းကို မီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပြင်တွင် မီးလောင်ကျွမ်းနေသော ရုပ်အလောင်းတခု တွေ့ရှိရကြောင်း MRA က ပြောပါတယ်။

Photo – MRA \မီးလောင်ကျွမ်းနေသော MRA စခန်းအား တွေ့ရစဥ်။

ရဲဘော်များ ထိခိုက်မှုမရှိသော်လည်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း ကျပ်သိန်း ၂၀၀ ခန့်ဆုံးရှုံးခဲ့ပြီး ပြန် လည်ထူထောင်ရေးအတွက် ကူအညီများလိုအပ်နေကြောင်း MRA က ဆိုသည်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းကြောင့် ဆားလင်းကြီးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ ခုနစ်ရွာက ဒေသခံပြည်သူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PDF တွေကိုဖမ်းမိရင် ဓါးနဲ့မွှန်းမယ်ဆိုပြီး ကြွေးကြော်တဲ့ ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 9 Views
ဇန်နဝါရီလ (၂၄)ရက်။ မနေ့က ညနေ(၄)နာရီအချိန်ခန့်က ပေါက်ခေါင်းမြို့နယ် ကျွဲဘောင်ဘင်ရွာနေ ပျုစောထီး ဝင်းကျော်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဗန်းမော်မြို့ထဲ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 8 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က ဗန်းမော်မြို့ထဲ နှစ်ဖက်ပစ်ခတ်တာတွေ ဖြစ်ပွားနေပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။
မြန်မာသတင်း

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 8 Views
ဇန်နဝါရီလ (၂၄)ရက်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုပြီး စစ်ကောင်စီဟာ ဇန်နဝါရီလ (၂၃)ရက်နေ့ရက်စွဲနဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်တဲ့ နည်းဥပဒေကို အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၅၉)ပိုဒ်နဲ့ နောက်ဆက်တွဲပုံစံ (၁၂)ခုနဲ့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီနည်းဥပဒေထဲ စစ်မှုထမ်းဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီတပ်သား(၂)ဦးကို သတ်ဖြတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူထားပြီးဖြစ်တယ်လို့ AA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 4 Views
ဇန်နဝါရီလ (၂၄)ရက်။ စစ်ကောင်စီတပ်သား (၂)ဦးကို ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အပြစ်ပေးအရေးယူထားပြီးဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အဲ့ဒီဗီဒီယိုက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလောက်က ဖြစ်ခဲ့တာပါ။ ကျောက်တော်မြို့နယ်ထဲက စကခ(၉)
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတွေ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 11 Views
ဇန်နဝါရီလ (၂၄)ရက်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲကို စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေအပါအဝင် နိုင်ငံရေးပါတီတွေ အစုအဖွဲ့ရဲ့
မြန်မာသတင်း

တရုတ်နိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး အကူအညီပေးတာတွေကို တန်ဖိုးထားတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 13 Views
ဇန်နဝါရီလ (၂၄)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီပေးတာတွေအပေါ် တန်ဖိုးထားတယ်လို့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားကို ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကာ စစ်ခေါင်းဆောင်
မြန်မာသတင်း

ဖာပွန်ရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီ အသည်းအသန်ခုခံနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 18 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ အသည်းအသန်ခုခံနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ကတိုင်တိတပ်စခန်း တိုက်ပွဲပြင်းထန်နေတဲ့အချိန် စကစက ဂျက်လေယာဉ်နဲ့ စခန်းအနီးဝန်းကျင်တွေကို တောက်လျှောက် ဗုံးကြဲချတာ၊ နောက်ပြီး
မြန်မာသတင်း

မင်းလှမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 19 Views
ဇန်နဝါရီလ (၂၃)ရက်။ ‌မနေ့က နံနက်(၇)နာရီခန့်က မင်းလှမြို့၊ ဂန့်ဂေါ်ပင်ရွာနေ ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂန့်ဂေါ်ပင်ရွာက ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို သူ့ရဲ့နေအိမ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ