မကွေး ဗိုလ်မထားကျေးရွာပေါင်းစုံ PDFအဖွဲ့ကထုတ်လုပ်ထားတဲ့ သေနတ်(၁၀)မျိူးကို အောင်မြင်စွာနဲ့စမ်းသပ်
ထုတ်လုပ်ပြသနိုင်ခဲ့တယ်လို့ သိရပါတယ်။
စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ လက်နက်တွေကတော့ 16မောင်းပြန်၊16တစ်တောင့်ထိုး၊ပွိုင့် 22 အတို၊ပွိုင့် 22 အရှည်၊မဂ္ဂနယ်၊9 မမအတို၊9မမ အရှည်၊ကိုးလုံးကျည် ၊ကာဘိုင်နဲ့79 တို့ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တာပါ။
Era’sEyes | Photo – မကွေး ဗိုလ်မထားအဖွဲ့
မကွေး ဗိုလ်မထားကျေးရွာပေါင်းစုံ PDFအဖွဲ့အနေနဲ့ ၂၀၂၂ခုနှစ်က စတင်ပြီး လက်နက်မျိုးစုံစမ်းသပ်ထုတ်လုပ်တာဖြစ်ပြီး လက်ရှိအချိန်ထိ စုစုပေါင်း အလက်(၅၀)ကျော်ထုတ်လုပ်ထားပြီးပြီလို့ဆိုပါတယ်။
ထုတ်လုပ်ထားပြီးဖြစ်တဲ့ သေနတ် အလက် ၂၀ ကျော်ကိုလည်း မြို့နယ် နှစ်ခုက ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းသုံးခုကို အခမဲ့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
Era’sEyes | Photo – မကွေး ဗိုလ်မထားအဖွဲ့