နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ ကရွာလုံးကျွတ်နီးပါးမီးရှို့ ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ-၃ နယ်မြေ၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်) လယ်ဒိုမြို့နယ်အတွင်းရှိ လယ်ဝိုင်းကြီးကျေးရွာကို မေလ ၉ ရက်နေ့က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီ တပ်မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်၊အဆောက်အအုံ လေးဆယ်ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။


ဒါ့အပြင် လယ်ကြီးကျေးရွာမှ နေအိမ် လေးဆယ်ကျော်၊ စာသင်ကျောင်း၊ မူကြိုကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းတို့ ပါမီးလောင်ပျက်စီးခဲ့သည့်အပြင် ပိုးလိုနိုဖိုးကျေးရွာမှ နေအိမ် နှစ်လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း KNU က ဖော်ပြထားတာပါ။

လယ်ဝိုင်းကြီးကျေးရွာနှင့် ပိုးလိုနိုဖိုးကျေးရွာ အိမ်ခြေစုစုပေါင်း ၁၂၁ လုံးရှိပြီး လူဦးရေ ၁၂၀၆ ဦးနေထိုင်ကြတာဖြစ်ပါတယ်။
ပြီးခဲ့သည် မေလ ၄ ရက်နေ့ကလည်း စစ်ကောင်စီက မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နေအိမ် ၁၈ လုံး မီးလောင် ပြာကျခဲ့ရကြောင်းလည်း KNU က ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

Era’sEyes/ပုံစာ-လယ်ဒိုမြို့နယ်အတွင်းရှိ လယ်ဝိုင်းကြီးကျေးရွာမှ နေအိမ်များ မီးရှို့ ဖျက်စီးခံရပုံ/Karen National Union

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း

အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေဖို့ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 23 Views
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်း ၃ ချက် ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့
မြန်မာသတင်း

YRF တပ်ဖွဲ့ထဲ ပုန်ကန်တာနဲ့ အာဏာသိမ်းခံရတာကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 97 Views
စက်တင်ဘာလ (၂၀)ရက်။ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF)မှာ တပ်ထဲပုန်ကန်တာနဲ့ အာဏာသိမ်းခံရတဲ့ဖြစ်စဉ်တွေကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ YRF တပ်ဖွဲ့ထဲ
မြန်မာသတင်း

“NUG ဖျက်သိမ်းမလား လူပြောင်းကစားမလား အတွေးအခေါ်ပြောင်းမလား”

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 94 Views
အထက်ပါခေါင်းစဥ်နဲ့ ဦးထွန်းအောင်ကျော် နဲ့ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် တံတားနီ အရေးအခင်းမှာခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့တဲ့ ကိုအောင်သူတို့ ကိုယ့်အမြင်နဲ့ကိုယ် တော်လှန်ရေးကိုဘယ်လိုအောင်မြင်အောင်လုပ်သင့်တယ် ဘာတွေလိုနေတယ် ဆိုတာကို ဆွေးနွေးထားတာကို ခေတ်မျက်လုံးကနေတင်ပြလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် သွားရောက်စစ်ဆေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 95 Views
စက်တင်ဘာလ (၂၀)ရက်။ မနေ့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေထဲ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရီးစဉ်ထဲ စစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်နယ်မြေထဲ နယ်မြေလုံခြံရေးနဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
မြန်မာသတင်း

ခင်ဦးမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ပျက်ဆုတ်ပြေးခဲ့ရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 93 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၈)ရက်နေ့က ခင်ဦးမြို့နယ်ရှိ မကျီးတုံပျူရွာဘက်ကို ထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွှေဘိုလေ့ကျင့်ရေး(၈)က ခွေးတပ်နဲ့ ရွှေဘို
မြန်မာသတင်း

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိထားဖို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 82 Views
စက်တင်ဘာလ (၂၀)ရက်။ မောင်တောခရိုင်က နေရာအချို့ကို ARSA နဲ့ RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ နတ်မြစ်နဲ့ မယူတောင်လမ်းကြောင်းတွေကနေ စိမ့်ဝင်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌နယ်စပ်ကနေ ခိုးဝင်လာတဲ့ အစ္စလာမ်မစ်အဖွဲ့တွေဟာ တောတောင်တွေနဲ့
မြန်မာသတင်း

လှိုင်သာယာမြို့မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို စစ်တပ်ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 81 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသား (၂)ဦးဟာ
မြန်မာသတင်း

ရွှေကူမြို့ရှိ KIA စစ်သင်တန်းကျောင်း ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 86 Views
စက်တင်ဘာလ (၁၉)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်မှာ ‌ရွှေကူမြို့နယ်ရှိ KIA ရဲ့ စစ်သင်တန်းကျောင်းနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ မနေ့က နံနက်အစောကြီးပိုင်းမှာ ရွှေကူမြို့နယ်ထဲ KIA တပ်ရင်း(၁၂)က စစ်သင်တန်းပေးဖို့